close

ဗကသများအဖွဲ့ချုပ်သပိတ်စစ်ကြောင်း ဖြိုခွဲမခံရခင် အချိန်မီလုစုခွဲနိုင်ခဲ့

မန္တလေး၊ အမရပူရမြို့နယ်မှာ  ဇွန် ၈ ရက် နေ့လယ်ပိုင်းက ချီတက်ဆန္ဒပြတဲ့ ဗကသများအဖွဲ့ချုပ် သပိတ်စစ်ကြောင်းကို ဖြိုခွင်းဖို့ စစ်ကောင်စီရဲ့ အကြမ်းဖက် လက်နက်ကိုင်တပ်ဖွဲ့တွေ  ရောက်လာပေမယ့် အချိန်မီ လုစုခွဲနိုင်ခဲ့ပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်အဖွဲ့ဝင် သမဂ္ဂတွေဖြစ်တဲ့ အောင်မြေသာစံမြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗ.က.သများအဖွဲ့ချုပ်၊ ချမ်းမြသာစည်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အောင်မြေသာစံမြို့နယ် ကျေင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အမရပူရမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)တို့ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ် ကျရှုံးရေး ချီတက်ဆန္ဒပြကြတာပါ။

စစ်ကြောင်းမှာ ပါဝင်ခဲ့သူ တစ်ဦးက “ဗားကရာကျောင်းတိုက်နားမှာ စစ်ကားတွေ ရောက်လာတာ။ ရောက်လာတဲ့အချိန်မှာပဲ လူစုခွဲလိုက်နိုင်ခဲ့တယ်” လို့ ပြောပါတယ်။

ချီတက်ဆန္ဒပြသူတွေဟာ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးနဲ့ စစ်ကျွန်ပညာရေးစနစ် သပိတ်မှောက်ရေး စတဲ့ ကြွေးကြော်သံတွေနဲ့ ချီတက်ခဲ့ပါတယ်။

မန္တလေးမြို့မှာ နေရာတော်တော်များများ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက် လက်နက်ကိုင်အဖွဲ့တွေ လှည့်လည်နေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up