close

စစ်ကောင်စီကိုရှုတ်ချပြီး မြန်မာပြည်ဒီမိုကရေစီပြန်ရရေး ဂျပန်အထက်လွှတ်တော် ဆုံးဖြတ်

ဂျပန်နိုင်ငံ တိုကျိုမြို့ ချီအိုဒရှိ ဂျပန်အထက်လွှတ်တော်မှာ ဇွန်လ ၁၁ ရက် ဒီနေ့ကျင်းပတဲ့ အစည်းအဝေးမှာ မြန်မာစစ်ကောင်စီရဲ့ အာဏာသိမ်းမှုကို ပြစ်တင်ရှုတ်ချလိုက်ပြီး ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်အမြန်ဆုံး ပြန်လည်ပေါ်ပေါက်ဖို့အတွက် တောင်းဆိုတဲ့ဆုံးဖြတ်ချက်အဆိုကို လွှတ်တော်အမတ်တွေက တညီတညွတ်တည်းထောက်ခံ အတည်ပြုလိုက်ပါတယ်။

အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုကို အပြစ်တင်ဆုံးဖြတ်ချက်ကို မြန်မာ့ ဒီမိုကရေစီရေး ထောက်ခံအားပေးတဲ့ ဂျပန်လွှတ်တော်အမတ်များအဖွဲ့ အတွင်းရေးမှူး မစ္စတာ မီချီဟီရိုအီရှီဘရှီက  တင်သွင်းခဲ့တာဖြစ်ပါတယ်။

ဇွန်လ ၈ ရက်နေ့ကလည်း ဂျပန်အောက်လွှတ်တော်မျက်နှာစုံညီအစည်းအဝေးမှာ မြန်မာနိုင်ငံက စစ်တပ်အာဏာသိမ်းမှုကို ပြစ်တင်ရှုတ်ချတဲ့အဆိုကို တညီတညွတ်တည်းထောက်ခံ အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။

ခုလို ဂျပန်လွှတ်တော် နှစ်ရပ်လုံးက အတည်ပြုခဲ့တာက ဂျပန်ပြည်သူတွေကလည်း မြန်မာပြည်သူတွေနဲ့ အတူတူ တထပ်တည်းရှိကိုပြသနိုင်တာဖြစ်ပြီးမြန်မာစစ်အုပ်စုကို ဆန့်ကျင်တယ်ဆိုတာကို ဗြိတိန်မှာ ဒီကနေ့စကျင်းပမယ့် G 7 ထိပ်သီးအစည်းအဝေး မတိုင်မီ ဂျပန်နိုင်ငံကပြသဖို့ ရည်ရွယ်တယ်ဆိုတာလို့ မြန်မာနိုင်ငံဒီမိုကရေစီရေးထောက်ခံအားပေးတဲ့ ဂျပန်လွှတ်တော် အမတ်များအဖွဲ့ ဥက္ကဋ္ဌ မစ္စတာ မာဆာဟာရူနာကာဂါဝက ဒီဗွီဘီကို ပြောပါတယ်။

အထက်လွှတ်တော်ကော အောက်လွှတ်တော်က အခုလိုအတည်ပြုနိုင်ပြီဖြစ်လို့ ဂျပန်အစိုးရအနေနဲ့ မဖြစ်မနေလုပ်ရမယ့် ကိစ္စတွေရှိလာပြီမို့ မြန်မာပြည်သူတွေအနေနဲ့ အားတက်မိတယ်လို့လည်း တိုကျိုမြို့နေ မြန်မာအရေးဆောင်ရွတ်နေသူ ဒေါ်မရစ်ဆိုင်းဘူက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up