ဆိုက်ဘေးရီးယားတွင် လေယာဉ်ပျက်ကျပြီး ၄ ဦး သေဆုံး

ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားပြည်နယ် အနောက်တောင်ပိုင်းက ခေမေရိုဗို ဒေသထဲကို လေယာဉ်အသေး တစ်စီး ဇွန် ၁၉ ရက်က ပျက်ကျခဲ့လို့ လူ ၄ ယောက်ထက် မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံ အရေးပေါ် ဆေးဘက်ဌာနက ပြောပါတယ်။
အင်ဂျင်နှစ်လုံးတပ် L-410 လေယာဉ်ဟာ လေထီးခုန် ဝန်ဆောင်မှု ပေးနေတဲ့ တာနေ ပုဂ္ဂလိက လေယာဉ်ကွင်းနားကို ပျက်ကျလို့ လူ ၇ ယောက်ထက် မနည်း သေဆုံးတယ်လို့ ဒေသန္တရ အစိုးရရှေ့နေရုံးကို ကိုးကားပြီး ရုရှားအခြေစိုက် တက်စ်သတင်းဌာနက အစောပိုင်းမှာ ကြေညာပါတယ်။
လေယာဉ်အင်ဂျင် ပျက်ခဲ့ကြောင်း လေယာဉ်အမှုထမ်းတွေက အချက်ပြခဲ့တယ်လို့လည်း တက်စ်က ဆိုပါတယ်။ ဒဏ်ရာရသူတွေကို လေကြောင်းနဲ့ ဆေးရုံတွေဆီ ပို့ပြီးပြီလို့ ဆေးဘက် ဌာန ပြောခွင့်ရက ပြောပါတယ်။
ဆိုးဆိုးရွားရွား ပျက်စီးနေတဲ့ လေယာဉ်ဘေးမှာ လူနာတင်ယာဉ် တစ်စီး ရပ်ထားတဲ့ ပုံကို လူမှုကွန်ရက်ပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် မျှ ဝေ နေကြပါတယ်။
ရုရှားအရပ်ဘက် လေကြောင်းဌာနရဲ့ ဆိုက်ဘေးရီးယားဌာနခွဲ ပြောခွင့်ရကတော့ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပြီလို့ ပြောပေမဲ့ အသေးစိတ် အချက်အလက်တွေကို တော့ မပြောခဲ့ပါဘူး။