close

ဆိုက်ဘေးရီးယား

close

February 10, 2023

ဆိုက်ဘေးရီးယားရှိ အိမ်ရာတိုက်ခန်း တခုတွင် ဓာတ်ငွေ့ပေါက်ကွဲပြီး ၅ ဦး သေဆုံး

အာရှမြောက်ပိုင်းဒေသအများစုကို လွှမ်းခြုံထားတဲ့ ရုရှားပြည်နယ် ဆိုက်ဘေးရီးယားရှိ နိုဗိုဆီဗက်စ်ခ်မြို့မှာ အိမ်ရာတိုက်တန်းတခုမှာ ဖေဖော်ဝါရီ ၉ ရက်က ဓာတ်ငွေ့ပေါက်ကွဲမှုကြောင့် လူငါးဦး သေဆုံးခဲ့ကြောင်း ရုရှားမီဒီယာတွေက ဖော်ပြပါတယ်။ 

ရုရှားအရေးပေါ်ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ဗီဒီယိုထဲမှာ အထပ်ပေါင်းများစွာရှိတဲ့ နေအိမ် အဆောက်အအုံက အကြီးအကျယ် ပျက်စီးသွားပြီး အဆောက်အအုံရဲ့ မျက်နှာစာပိုင်းက ပွင့်ထွက်ပျောက်ဆုံးသွားပါတယ်။ 

ပေါက်ကွဲမှုကြောင့် လူ ၁၁ ဦး ဒဏ်ရာရရှိခဲ့ပြီး ဒေသခံ ၅၀ လောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်း ပေးခဲ့ရကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။

ရာဇ၀တ်မှုကြီးတွေအတွက် တာဝန်ယူ လုပ်ဆောင်ရတဲ့ ရုရှား စုံစမ်းစစ်ဆေးရေးကော်မတီက စုံစမ်းစစ်ဆေးဖို့ အမှုဖွင့်ထားတယ်လို့ ပြောပါတယ်။ 

ဒီစစ်ဆင်ရေးမှာ ဝန်ထမ်း ၄၇၃ ဦးလောက် ပါဝင်ကယ်ဆယ် ကူညီခဲ့ကြောင်း အရေးပေါ် ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ 

1 min Ago

December 24, 2022

ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားရှိ ဘိုးဘွားရိပ်သာ မီးလောင်ပြီး ၁၁ ဦးသေဆုံး

ရုရှားနိုင်ငံ၊ ဆိုက်ဘေးရီးယားပြည်နယ်ရဲ့ မြို့တော် ကီမီရိုဗိုရှိ  ဘိုးဘွား ရိပ်သာတခုမှာ  ဒီဇင်ဘာ ၂၃ ရက်က မီးလောင်ကျွမ်းပြီး  လူ ၁၁ ဦး သေဆုံးခဲ့ကြောင်း Tass သတင်းဌာနက အရေးပေါ်ဌာနတွေကို ကိုးကားပြီး ထုတ်လွှင့်သွားပါတယ်။
လူအယောက် ၂၀ လောက်နေထိုင်တဲ့ အဆောက်အဦတလုံးရဲ့ ဒုတိယထပ် တထပ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်းလည်း မီးဘေးလုံခြုံရေး အရာရှိတွေက  ပြောကြားခဲ့ပါတယ်။ 

ရုရှားနိုင်ငံတဝန်းမှာ မှတ်ပုံမတင်ထားတဲ့ ဘိုးဘွားရိပ်သာတွေ အများအပြားရှိနေပြီး အဲဒီရိပ်သာတွေဟာ ပုဂ္ဂလိကပိုင် အဆောက်အအုံအဖြစ် တရားဝင် သတ်မှတ်ခံရတာကြောင့် စစ်ဆေးလို့မရနိုင်ဘူးလို့ဆိုပါတယ်။ 

2 months Ago
Up