မြောက်ကာရိုလိုင်းနားတွင် ဆည်အတွင်း လှေထိုးကျပြီး လူ ၃ ယောက် သေဆုံး

အမေရိကန်နိုင်ငံ မြောက်ကာရိုလိုင်းနားပြည်နယ်ထဲက ဒန်မြစ်တလျှောက် ကြိုးဆွဲ လေမှုတ်လှေ စီးနေကြတဲ့ လူတစ်စု ဆည်ပေါ်ကနေ ထိုးကျခဲ့လို့ လူ ၃ ယောက် အလောင်း ပြန်ရှာတွေ့ခဲ့ပြီး ၂ ယောက် ပျောက်နေတယ်လို့ ဒေသန္တရ အာဏာပိုင်တွေက ပြောပါတယ်။
ဇွန် ၁၆ ရက်က ဖြစ်ရပ်ကြောင့် လူ ၅ ယောက် ပျောက်နေခဲ့အပြီး ဗာဂျီးနီးယားပြည်နယ်ကို လျှပ်စစ်ဓာတ်အား ပေးနေတဲ့ Duke Energy စက်ရုံကနေ စပြီး ရှာဖွေကယ်ဆယ်ရေး လုပ်နေ ပါတယ်။
ဗုဒ္ဓဟူးညနေက လူ ၉ ယောက်ပါတဲ့အုပ်စုဟာ လေမှုတ်လှေ စီးနေခဲ့တာလို့ ရော့ခ်ကင်းဟမ်းမြို့နယ် အရေးပေါ်ဌာန ညွှန်မှူးက မီဒီယာကို ပြောပါတယ်။ ၄ ယောက်ကို ကယ်နိုင်ခဲ့ပြီး အသက်ဘေး မစိုးရိမ်ရတဲ့ ဒဏ်ရာတွေနဲ့ ဆေးရုံတင်ထားရတယ်လို့လည်း သူက ပြောခဲ့ပါတယ်။