မော်စကိုရှိ မီးရှူးမီးပန်းကုန်လှောင်ရုံ မီးလောင်

3
ရုရှားမြို့တော်၊ မော်စကိုရဲ့ မြို့လယ်ခေါင်နားက မီးရှူးမီးပန်း ကုန်လှောင်ရုံတစ်ခုမှာ ဇွန် ၁၉ ရက်က မီးလောင်လို့ ရုရှားကယ်ဆယ်ရေးသမားတွေဟာ ရဟတ်ယာဉ်တွေကိုပါ သုံးပြီး မီးကို ငြှိမ်းသတ်ခဲ့ရပါတယ်။
မတ်စ်ကလဗ်မြစ်နားက ဧရိယာမှာ မီးလောင်တာဖြစ်ပြီး အရေးပေါ် ဝန်ကြီးဌာန ရေယာဉ်တွေနဲ့ အတူ ရဟတ်ယာဉ် ၃စီးကိုပါ အရေးပေါ်အခြေ အနေအရ ဆင့်ခေါ်ခဲ့ရပါတယ်။
မီးငြှိမ်းသတ်နေချိန် မီးသတ်သမား တစ်ယောက် အသေးစား ဒဏ်ရာရခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။