close

ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၇၇ သန်း၊ သေဆုံးသူ ၃ သန်းကျော်ရှိလာ

တစ်ကမ္ဘာလုံးမှာ ဇွန် ၁၈ ရက်ထိ စာရင်းအရ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံ ဦးရေ စုစုပေါင်းဟာ ၁၇၇ ဒသမ ၁၁ သန်းနီးပါး ရှိလာနေပြီး ကူးစက်ခံ သေဆုံးသူ ဦးရေဟာ ၃ ဒသမ ၈၄ သန်း ရှိပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က ပြောပါတယ်။

ကမ္ဘာတဝန်းမှာ  ဇွန် ၁၆ ရက်ထိ စာရင်းအရ ကာကွယ်ဆေး ထိုးဆေး စုစုပေါင်း ၂ ဒသမ ၃၇၈ ဘီလီယံ ထိုးနှံပေးပြီးပြီလို့လည်း WHO က ပြောပါတယ်။

အမေရိကန်မှာ ဇွန် ၁၉ ရက်ထိ အတည်ပြု စာရင်းအရ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံ ဦးရေ စုစုပေါင်း ၃၃ ဒသမ ၅၂ သန်း ရှိပြီး ကူးစက်ခံ သေဆုံးသူဦးရေဟာ ၆ သိန်း ၁၇၁၄ ယောက် ရှိတယ်လို့ ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်က ဆိုပါတယ်။

ဒါကြောင့် အမေရိကန်ဟာ ကူးစက်ခံ ဦးရေရော ကူးစက်ခံ သေဆုံးသူ ဦးရေပါ ကမ္ဘာ့ ပထမ အများဆုံးနိုင်ငံ ဖြစ်နေဆဲပါ။

 ဘရာဇီးနိုင်ငံမှာ ကပ်ရောဂါ ကူးစက်ခံ သေဆုံးသူဦးရေ ၅ သိန်းကျော်ပြီလို့ ကျန်းမာရေး ဝန်ကြီးဌာနက စနေနေ့မှာ ပြောပါတယ်။

 ရုရှားမှာတော့ စုစုပေါင်း ကူးစက်ခံ ဦးရေ ၅ ဒသမ ၃ သန်းနီးပါး ရှိနေပြီး ကူးစက်ခံ သေဆုံးသူ ဦးရေ ၁၂၈၀၀၀ ကျော် ရှိနေပါပြီ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up