close

ရေစကြိုမြို့နယ် ဇီးတောကျေးရွာ ဒလန်အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် အပစ်ခံရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဇီးတောကျေးရွာမှာ ဇွန် ၂၁ ရက်နေ့က ဒလန်အုပ်ချုပ်ရေးမှူး သေနတ်နဲ့အပစ်ခံရပြီး ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီခန့် ဒလန်အုပ်ချုပ်ရေးမှူး ဝင်းမြင့်အောင်ဟာ ရေစကြိုမြို့နယ်ထွေအုပ်ရုံးက ပြန်လာတဲ့အချိန် ဇီးတောဆည်ရွာနားက လမင်းဦးထမင်းဆိုင်နားမှာ သေနတ်နဲ့အပစ်ခံရပြီး လက်မှာ ဒဏ်ရာရရှိသွားတယ်လို့ ဇီးတောရွာဒေသခံတစ်ယောက်က ပြောပါတယ်။

အဲဒီဒလန်အုပ်ချုပ်ရေးမှူး ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့ဟာလည်း ည ၈ နာရီနောက်ပိုင်း ရွာမှာရှိတဲ့ နေအိမ်တွေကို လေခွတွေနဲ့ ပစ်ခတ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒလန်အုပ်ချုပ်ရေးမှူးရဲ့ သတင်းပေးတိုင်ကြားမှုကြောင့် အကြမ်းဖက်စစ်ကောင်စီအဖွဲ့တွေဟာ ရွာမှာရှိ တဲ့နေအိမ်တွေကို ၄ ကြိမ်လောက် မွှေနှောက်ဖျက်ဆီးကာ ပစ္စည်းတွေ ယူသွားတယ်လို့ ပြောပါတယ်။

ဇီးတောရွာမှာ အကြမ်းဖက်စစ်ကောင်စီအဖွဲ့တွေ ရောက်နေတာကြောင့် ဒေသခံရွာသားတွေဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up