“ပြည်သူ့အာဏာပြည်သူ့ပြန်ပေး”ဝတ်စုံဖြင့် အရုပ်မလေး မေမဒီ Miss Galaxy Doll 2021တွင် ဆု ရရှိ

ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ နိုင်ငံတကာအရုပ်အလှမယ်ပြိုင်ပွဲ Miss Galaxy Doll 2021 မှာ မြန်မာပြည်ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အရုပ်မလေး မေမဒီက Best National Costume ဆုမှာ 1st Runner Up ဆု ဆွတ်ခူးရရှိသွားပါတယ်။
အရုပ်မလေး မေမဒီဟာ “ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေး” အမျိုးသားဝတ်စုံနဲ့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး လတ်တလော ကြုံတွေ့နေရတဲ့ မြန်မာ့အရေးကို နိုင်ငံတကာ စင်မြင့်ထက်မှာ ဖော် ထုတ်ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။
အကောင်းဆုံး အမျိုးသားဝတ်စုံဆု Best National Costume Winner ဆုကိုတော့ ဖိလစ်ပိုင်အလှမယ်က ရရှိသွားခဲ့တာပါ။
Miss Galaxy Doll 2021 အလှမယ်သရဖူကိုတော့ ပီရူးအလှမယ်က ဆွတ်ခူးရရှိသွားခဲ့ပါတယ်။