close

ကမ္ဘာ့အလှူဒါန အရက်ရောဆုံးနိုင်ငံအညွှန်းကိန်းတွင် မြန်မာက စတုတ္ထနေရာထိ ကျဆင်း

DVB

ဗြိတိန်အခြေစိုက် ပရဟိတအဖွဲ့အစည်းတခုဖြစ်တဲ့ Charities Aid Foundation (CAF)က ထုတ်ပြန်တဲ့ ၂၀၂၁ ခုနှစ် ကမ္ဘာ့အလှူဒါန အရက်ရောဆုံးနိုင်ငံအညွှန်းကိန်း (World Giving Index)မှာ အင်ဒိုနီးရှားနိုင်ငံက ထိပ်ဆုံးက ရပ်တည်နေပြီး အရင်က ထိပ်ဆုံးမှာ နှစ်စဉ်ရပ်တည်ခဲ့တဲ့ မြန်မာနိုင်ငံကတော့ စတုတ္ထ နေရာထိ ကျဆင်းသွားခဲ့ပါတယ်။        

၁၉၇၄ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တဲ့ Charities Aid Foundation (CAF)ရဲ့ ခုလိုသတ်မှတ်ချက်ဟာ ငွေကြေးပေးကမ်းလှူဒါန်းခြင်း၊ စေတနာ့ဝန်ထမ်းခြင်း၊ တပါးသူကို ကူညီခြင်းစတဲ့ အပိုင်း ၃ ပိုင်းနဲ့ တနိုင်ငံချင်းစီက ပျမ်းမျှလူဦးရေ အချိုး အစားပေါ်မူတည်ပြီး စစ်တမ်းကောက်ယူကာ ထုတ်ပြန်နေတာ ဖြစ်ပါတယ်။        

အခုထုတ်ပြန်တဲ့ အညွှန်းကိန်းမှာတော့ အင်ဒိုနီးရှားနိုင်ငံရဲ့နောက် ဒုတိယနဲ့ တတိ ယနေရာတွေမှာတော့ ကင်ညာနဲ့ နိုင်ဂျီးရီးယားနိုင်ငံတွေက အသီးသီး ရပ်တည်နေပါ တယ်။

အဲဒီနောက်မှာတော့ မြန်မာ၊ ဩစတြေးလျ၊ ဂါနာ၊ နယူးဇီလန်၊ ယူဂန္ဓာ၊ ကိုဆိုဗိုနဲ့ မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံတွေက ထိပ်ဆုံး ၁၀ နိုင်ငံအဖြစ် ရပ်တည်နေပါတယ်။

နိုင်ငံပေါင်း ၁၀၀ ကျော်ပါဝင်တဲ့  ဒီအညွှန်းကိန်း ထုတ်ပြန်ချက်ရဲ့ နောက်ဆုံးနေရာ မှာတော့ ဂျပန်နိုင်ငံက အဆင့် ၁၁၄ နဲ့ ရပ်တည်နေတာ ဖြစ်ပါတယ်။

အခုနှစ်မှာ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့အလှူဒါနအရက်ရောဆုံးနိုင်ငံအညွှန်းကိန်း (World Giving Index)မှာ ထိပ်ဆုံးနိုင်ငံတွေ စာရင်းမှာ ရပ်တည်နေပေမယ့် အမှန်တကယ်လှူဒါန်းမှုပြု လုပ်တဲ့ ပမာဏဟာ နိုင်ငံတွင်း နိုင်ငံရေးနဲ့ လူမှုရေးပဋိပက္ခတွေကြောင့် သိသိသာသာ လျော့နည်းနေခဲ့တာကိုလည်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။ 

ကမ္ဘာမှာ ဖွံ့ဖြိုးမှုအနိမ့်ဆုံး နိုင်ငံတွေစာရင်းမှာ ပါဝင်တဲ့ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့ အလှူဒါန အရက်ရောဆုံးနိုင်ငံအညွန်းကိန်းမှာ နံပါတ် ၁ အဖြစ် သတ်မှတ်ခံခဲ့ရတာ ၅ နှစ် ဆက်တိုက် ရှိနေခဲ့ပြီး အခုနှစ်မှာတော့ ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up