ဂျာမနီရေကြီးမှု ၈၁ ဦး သေဆုံး ၊ လူ ၁၀၀၀ ကျော်ပျောက်ဆုံးနေ

ဂျာမနီအနောက်ပိုင်းဒေသတွေမှာ ရေကြီးမှုကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ လူဦးရေဟာ အနည်းဆုံး ၈၁ ဦး ရှိတယ်လို့ ဂျာမနီအသံလွှင့်ဌာန ARD က ထုတ်လွှင့်ပါတယ်။
နွိုင်ယန်နာ-အာရ်ဗေလာ ဒေသမှာ လူ ၁၀၀၀ ကျော်ပျောက်ဆုံးနေတယ်လို့ ကိုဘလန့်ဇ်မြို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
စံချိန်တင်မိုးရွာသွန်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ မြစ်ရေလျှံမှုတွေဟာ ဂျာမန်မြို့တွေနဲ့ ကျေးရွာတွေကို ပျံ့နှံ့သွားပြီး မော်တော်ကားတွေ ပြောင်းပြန်လန်တာ၊ နေအိမ်တွေပျက်စီးပြီး လူတွေ ခေါင်မိုးပေါ်မှာ သောင်တင် နေရတာမျိုးတွေ ကြုံနေရတာပါ။
စကွတ်လ်ဒ်မြို့မှာ အိမ်တွေပျက်စီး၊ သစ်ပင်တွေလဲကျပြီး လမ်းတွေပိတ်နေပါတယ်။ ရေကြီးမှုကြောင့် နှစ်ပေါင်းများစွာအတွင်း ဂျာမနီရဲ့ အဆိုးရွားဆုံး လူအစုလိုက်အပြုံလိုက် သေဆုံး ထိခိုက်ပျက်စီးမှု တွေ ကြုံနေရတာပါ။
၂၀၀၂ ခုနှစ်ကလည်း ရေလွှမ်းမိုးမှုကြောင့် ဂျာမနီအရှေ့ပိုင်းမှာ လူ ၂၁ ဦးနဲ့ ဥရောပ အလယ်ပိုင်းဒေသတစ်လျှောက်မှာ လူ ၁၀၀ ကျော် သေဆုံးခဲ့ရပါသေးတယ်။