မုံရွာမြို့ သလ္လာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်း အသတ်ခံရ

2
အာဏာသိမ်း စစ်ကောင်စီခန့် စစ်ကိုင်းတိုင်း၊ မုံရွာမြို့ သလ္လာရပ်ကွက် အုပ်ချုပ်ရေးမှူး ဇူလိုင် ၂၀ ရက်နေ့ ညနေပိုင်းက အသတ်ခံရတယ်လို့ သိရပါတယ်။
ဦးသိန်းထွန်းဟာ ဇူလိုင် ၂၀ ရက်နေ့ ညနေပိုင်း ၆ နာရီလောက်က ရေကူးကန်လမ်းမှာ လူ ၃ ဦးလောက်က ဓားနဲ့ထိုးပြီး ဆိုင်ကယ် လုယူခဲ့တာဖြစ်ပြီး ရရှိတဲ့ဒဏ်ရာနဲ့ မုံရွာပြည်သူ့ဆေးရုံမှာ သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
သေဆုံးသူ စစ်ကောင်စီခန့်ဦးသိန်းထွန်းဟာ မကြာသေးခင် ရက်သတ္တပတ်အတွင်းက ရပ်ကွက်စျေးဝယ်ထွက်ခွင့်ကတ်တွေ ပြုလုပ်နေသူတာလို့ ဆိုပါတယ်။