နယူးယောက်ပြည်နယ်အစိုးရဝန်ထမ်းများ ကိုဗစ်ကာကွယ်ဆေးထိုးရန် အုပ်ချုပ်ရေးမှူး တိုက်တွန်း

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်က အစိုးရဝန်ထမ်းတွေ အားလုံး ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှု ရှိ၊ မရှိ စစ်ဆေးရန်လိုပြီး ကာကွယ်ဆေး မဖြစ်မနေထိုးဖို့ လိုအပ်မယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး အန်ဒရူးကွာမိုက ဇူလိုင် ၂၈ ရက်မှာ ပြောပါတယ်။
အစိုးရဆေးရုံတွေမှာ လူနာတွေကို ရင်ဆိုင်နေရတဲ့ ကျန်းမာရေးလုပ်သားအားလုံးဟာ ကာကွယ်ဆေး ထိုးကို ထိုးရမယ်လည်း ကွာမိုက ပြောပါတယ်။
“ထိတွေ့မိတဲ့ အခိုက်အတန့်ဟာ အင်မတန် အရေးကြီးတဲ့ ကူးစက်မှုဖြစ်စဉ် ဖြစ်သွားနိုင်တယ်. ကျန်းမာရေး လုပ်သား အားလုံး ကာကွယ်ဆေး ထိုးတာ သေချာချင်တယ်” လို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
မြို့မှာ ကာကွယ်ဆေး ထိုးပေးနေတဲ့ နေရာကနေ ကိုဗစ်-၁၉ ကာကွယ်ဆေး အထိုးခံ မယ်ဆိုရင် နယူးယောက်မြို့သားတွေကို အမေရိကန်ဒေါ်လာ ၁၀၀ ပေးမယ့် အစီအစဉ်ကို နယူးယောက် မြို့တော်ဝန်က ဗုဒ္ဓဟူးနေ့မှာ ကြေညာသွားပါတယ်။
ဒီအစီအစဉ်က ကြီးကြီးမားမား သက်ရောက်မယ်လို့ ထင်တယ်လို့လည်း သူက သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။