အောင်လအန်ဆန်က ဘရာဇီးလ်ပြိုင်ဘက် လီအန်ဒရိုကို အလဲထိုးအနိုင်ရ

10.3K
ONE Championship ကမ္ဘာ့ချန်ပီယံဟောင်း MMA ကစားသမား အောင်လအန်ဆန်ဟာ ဇူလိုင် ၃၀ ရက် ဒီကနေ့ည စင်ကာပူနိုင်ငံမှာ ယှဉ်ပြိုင်ထိုးသတ်တဲ့ မစ်ဒယ်ဝိတ်တန်းပြိုင်ပွဲမှာ ပြိုင်ဘက် ဘရာဇီးလ်နိုင်ငံသား လီအန်ဒရိုအတိတ်ကို အနိုင်ရ သွားပါတယ်။
အောင်လအန်ဆန်းက ဘရာဇီးဂျူဂျစ်ဆုချန်ပီယံ ၅ ကြိမ်ရခဲ့တဲ့ လီအန်ဒရိုအတိတ်ကို ပထမအချီမှာပဲ အလဲထိုး အနိုင်ရသွားတာဖြစ်ပါတယ်။
အောင်လအန်ဆန်ဟာ ဒီရိုက်ဒါကိုရှုံးပြီး ၂၀၂၀ အောက်တိုဘာ ၃၀ ရက်မှာ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု၊ ၂၀၂၁ ဧပြီ ၂၈ရက်မှာ လိုက်ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံဆုတို့ကို လက်လွှတ်ခဲ့ရပါတယ်။