ပါကစ္စတန်တွင် နစ်မြုပ်သွားသည့် ကုန်သင်္ဘောမှ သင်္ဘောသား ၁၅ ဦးကို ကယ်ဆယ်

ပါကစ္စတန်နိုင်ငံ ကရာချီမြို့တောင်ပိုင်းမှာ နစ်မြုပ်နေတဲ့ ကုန်သင်္ဘောတစီးပေါ်က သင်္ဘောသားတွေကို ကယ်ဖို့ ရေတပ်နဲ့ ကမ်းတက် မရိင်း လုံခြုံရေး အေဂျင်စီ(PMSA) တို့ ပူးတွဲ လုပ်ဆောင်နေတယ်လို့ အကြီးတန်း (PMSA) အရာရှိတစ်ယောက်က သြဂုတ် ၁ ရက်မှာ ပြောပါတယ်။
သင်္ဘောသား ၁၈ ယောက်ထဲက ၁၅ယောက်ကို ကယ်ပြီးပြီ နောက်ထပ် ၃ယောက်ကို ရှာဖို့ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ ဆက်လုပ်နေတယ်လို့ (PMSA) တပ်မှူး အာဟိဆန် ဖာရိဒ် အာမဒ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒီသင်္ဘောဟာ အိန္ဒိယကနေ ဆိုမာလီနိုင်ငံဆီ ပို့မယ့် ကုန်တွေတင်လာတာ ဖြစ်ပြီး သင်္ဘောသားတွေကတော့ ဆီးရီးယားနိုင်ငံက လူတွေလို့ အာမဒ်က ဆက်ပြောပါတယ်။
MV SUVARI H လို့ နာမည်ပေးထားတဲ့ သင်္ဘောဟာ အားကောင်းတဲ့ လေပြင်းနဲ့ ရေလှိုင်းတို့ကြောင့် ဇူလိုင် ၂၉ ရက်က စတင် နစ်မြုပ်တာလို့ ရေတပ်က လူမှုကွန်ရက်ပေါ်မှာ ပြောပါတယ်။