မက္ကဆီကိုနိုင်ငံရှိ ဖယ်သာဆားပန့်ပိရမစ် ထိန်းသိမ်းရေးစီမံကိန်းအတွက် ပြိုင်ပွဲပြုလုပ်

မက္ကဆီကိုနိုင်ငံ တေအိုတီဟွာကန်ဒေသမှာရှိတဲ့ ဖယ်သာဆားပန့်ပိရမစ်ကို ထိန်းသိမ်းရေး စီမံကိန်းအတွက် ယှဉ်ပြိုင်ကြဖို့ အာဏာပိုင်တွေက သြဂုတ် ၂ ရက်မှာ ကြေညာလိုက်ပါတယ်။
နိုင်ငံတကာ ဖယ်သာဆားပန့် ပြိုင်ပွဲကို မက္ကဆီကို သမိုင်းနဲ့ မနုဿဗေဒဌာနက ကြေညာခဲ့တာပါ။
ပိရမစ် ခိုင်ခံ့ရေးနဲ့ ပြုပြင်ထိန်းသိမ်းရေးကို အာမခံနိုင်မယ့် အမိုးတပ်ဆင်ဖို့ ဒီစီမံကိန်းက ရည်ရွယ်ထားပါတယ်။
ပညာရှင်တွေရဲ့ အဆိုအရ ကာလကြာရှည် ယိုယွင်းတာနဲ့ ရာသီဥတုပြောင်းလဲမှု အရှိန်မြင့်လာတာတွေကြောင့် ပိုအသေးစိတ်တဲ့ လုပ်ဆောင်ချက်တွေလုပ်ဖို့ လိုတယ်လို့ မက္ကဆီကန် သမိုင်းနဲ့ မနုဿဗေဒဌာန ညွှန်ချုပ်က ပြောပါတယ်။
ဒီပိရမစ်ကို ၁၉၂၁ ခုနှစ်က ပထမဆုံးအကြိမ် နဂိုအတိုင်း ပြန်ဖြစ်အောင် ရှေးဟောင်းသုတေသီ မန်နျူယယ်ဂါမီယိုက ထိန်းသိမ်းခဲ့တာပါ။
ရှေးဟောင်း အက်ဇ်တက်ခ်လူမျိုးတွေက ဒီနေရာကို အမျိုးသားတွေ နတ်ဘုရားဖြစ်လာတဲ့ ဂမ္ဘီရနယ်မြေအတွက် ယုံကြည်ကြပါတယ်။
တေအိုတီဟွာကန် နယ်မြေဟာ လွန်ခဲ့တဲ့ နှစ် ၂၅၀ ကနေ နှစ် ၅၀၀ အတွင်း အထွန်းကားဆုံး ဖြစ်ခဲ့ပြီး မြို့နေ လူဦးရေ ၁ သိန်းခွဲလောက်ထိ ရှိခဲ့လို့ သူ့ခေတ်အခါက ကမ္ဘာ့ဆဋ္ဌမအကြီးဆုံးမြို့ လည်း ဖြစ်ခဲ့ပါတယ်။