ကမ္ဘာလှည့်ခရီးသွား ဆွစ်ဇလန်နိုင်ငံသူ သေဆုံးမှု ထိုင်းစုံစမ်းစစ်ဆေး

ထိုင်းအစိုးရဟာ အသက် ၅၇ နှစ်အရွယ် ဆွစ်ဇာလန်နိုင်ငံသူ ကမ္ဘာလှည့်ခရီးသည် တစ်ယောက်ရဲ့ သေဆုံးမှုကို စုံစမ်းစစ်ဆေးနေတယ်လို့ အရာရှိတွေက သြဂုတ် ၆ ရက်မှာ ပြောပါတယ်။
သူ့အလောင်းကို သဘာဝမကျတဲ့ အကြောင်းရင်းတွေနဲ့ သေဆုံးနေပုံရတဲ့ လက္ခဏာတွေနဲ့အတူ သူနေထိုင်ရာ ထိုင်းနိုင်ငံ တောင်ပိုင်း ဖူးခက်အပန်းဖြေ စခန်းသာကျွန်းပေါ်က အပန်းဖြေစခန်းအနီး ရေတံခွန်နားမှာ တွေ့ခဲ့တာလို့ ဆိုပါတယ်။
အမှုက စုံစမ်းစစ်ဆေးနေဆဲမို့ သေဆုံးရတဲ့ အကြောင်းရင်းကို အတည်မပြုနိုင်သေးဘူးလို့ ရဲတပ်ဖွဲ့ ဒုပြောခွင့်ရ ကစ်စာနာ ဖတ်ထနာ ချာရီယွန်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
ကိုဗစ်-၁၉ ကူးစက်ကပ်ဘေးကြောင့် ကျဆင်းခဲ့ရတဲ့ ခရီးသွားလုပ်ငန်း ပြန်နာလန်ထူစေရေး အထောက်အပံ့ပေးဖို့ ကာကွယ်ဆေး ထိုးပြီးသား နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည်တွေကို ခွင့်ပြုပေးနေတဲ့ စမ်းသပ် စီမံကိန်း "Phuket Sandbox" အစီအစဉ်နဲ့ ဆွစ်ဇာလန်နိုင်ငံသူက ဖူးခက်ကို လာရောက်လည်ပတ်ခဲ့တာပါ။
အဝတ်အစား တစိတ်တပိုင်းမပါတဲ့ သူ့အလောင်းကို မတွေ့ခင် လွန်ခဲ့တဲ့ ၃ ရက်လောက်တည်းက ဆွစ်ဇာလန်သူဟာ သေဆုံးနေခဲ့ ပြီးပုံရတယ်လို့ ဖူးခက်ရဲဌာန စခန်းမှူးက MCOT ရုပ်သံနဲ့ လူတွေ့ မေးမြန်းခန်းမှာ ပြောပါတယ်။