close

ခမာနီ ခေါင်းဆောင်ဟောင်း ခရွန်ဆန်ဖမ်အမှု အယူခံတရားခွင် စတင်

ကုလသမဂ္ဂက ကျောထောက်နောက်ခံ ပေးထားတဲ့ ခမာနီရေးရာ အထူးတရားရုံးချုပ်က ခမာနီ ခေါင်းဆောင်နဲ့ လွှတ်တော်ဥက္ကဋ္ဌဟောင်း ခရွန်ဆန်ဖမ်ရဲ့ အယူခံ တရားခွင်ကို သြဂုတ် ၁၆ ရက်မှာ စတင်လိုက်ပါတယ်။

ခရွန်ဆမ်ဖန်ဟာ အရင်က လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု၊ လူမျိုးတုံး သတ်ဖြတ်မှုတွေအတွက် ထောင်ဒဏ် တသက်တကျွန်း ပြစ်ဒဏ်စီရင်ခံထားရသူပါ။

ကမ္ဘောဒီးယားနိုင်ငံကို ၁၉၇၅-၇၉ ခုနှစ်အတွင်း ခမာနီတွေ အုပ်ချုပ်ချိန်က ပြည်သူ ၁ ဒသမ ၈ သန်း အသတ်ခံခဲ့ရပါတယ်။

ခမာနီအစိုးရအဖွဲ့အတွင်း နောက်ဆုံး အသက်ရှင် ကျန်ရစ်သူ ခရွန်ဆန်ဖန်ကတော့ ဒီနှစ်တွေအတွက် ဝမ်းနည်း နောင်တရကြောင်း ထုတ်ပြောခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ နာမည်ခံ ခေါင်းဆောင်သာ ဖြစ်လို့ ကျူးလွန်ခဲ့တဲ့ ရက်စက်ယုတ်မာမှုတွေနဲ့ ပတ်သက်ပြီး ဘာမှမသိဘူးလို့လည်း ပြောခဲ့ပါတယ်။

၁၉၉၈ ခုနှစ်မှာ ခရွန်ဆန်ဖန်ဟာ ခမာနီတွေဘက်ကနေ ပြောင်းလာခဲ့ပြီး မဖမ်းဘူးဆိုတဲ့ အာမခံချက်အရ ကမ္ဘောဒီးယားမြို့တော် ဖနွမ်ပင်ကို ပြန်လာခဲ့ပါတယ်။

၂၀၀၇ ခုနှစ်မှာတော့ အဖမ်းခံရပြီး ကုလသမဂ္ဂ ကျောထောက်နောက်ခံပေးထားတဲ့ စစ်ရာဇဝတ်မှု ခုံရုံးမှာ တရားစွဲခံခဲ့ရပါတယ်။

၂၀၁၄ ခုနှစ်မှာတော့ တခြားစွဲချက်တွေကြားကနေမှ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ ထောင်ဒဏ် တသက်တကျွန်း ပြစ်ဒဏ်ကို စီရင်ခံခဲ့ရပါတယ်။

၂၀၁၈ နိုဝင်ဘာမှာတော့ လူမျိုးတုံး သတ်ဖြတ်မှုနဲ့ ထောင်ဒဏ် တသက်တကျွန်းပြစ်ဒဏ်ကို ထပ်ပြီး စီရင်ခံခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up