close

ခမာနီ

close

August 17, 2021

ခမာနီ ခေါင်းဆောင်ဟောင်း ခရွန်ဆန်ဖမ်အမှု အယူခံတရားခွင် စတင်

ကုလသမဂ္ဂက ကျောထောက်နောက်ခံ ပေးထားတဲ့ ခမာနီရေးရာ အထူးတရားရုံးချုပ်က ခမာနီ ခေါင်းဆောင်နဲ့ လွှတ်တော်ဥက္ကဋ္ဌဟောင်း ခရွန်ဆန်ဖမ်ရဲ့ အယူခံ တရားခွင်ကို သြဂုတ် ၁၆ ရက်မှာ စတင်လိုက်ပါတယ်။

ခရွန်ဆမ်ဖန်ဟာ အရင်က လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု၊ လူမျိုးတုံး သတ်ဖြတ်မှုတွေအတွက် ထောင်ဒဏ် တသက်တကျွန်း ပြစ်ဒဏ်စီရင်ခံထားရသူပါ။

ကမ္ဘောဒီးယားနိုင်ငံကို ၁၉၇၅-၇၉ ခုနှစ်အတွင်း ခမာနီတွေ အုပ်ချုပ်ချိန်က ပြည်သူ ၁ ဒသမ ၈ သန်း အသတ်ခံခဲ့ရပါတယ်။

ခမာနီအစိုးရအဖွဲ့အတွင်း နောက်ဆုံး အသက်ရှင် ကျန်ရစ်သူ ခရွန်ဆန်ဖန်ကတော့ ဒီနှစ်တွေအတွက် ဝမ်းနည်း နောင်တရကြောင်း ထုတ်ပြောခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ နာမည်ခံ ခေါင်းဆောင်သာ ဖြစ်လို့ ကျူးလွန်ခဲ့တဲ့ ရက်စက်ယုတ်မာမှုတွေနဲ့ ပတ်သက်ပြီး ဘာမှမသိဘူးလို့လည်း ပြောခဲ့ပါတယ်။

၁၉၉၈ ခုနှစ်မှာ ခရွန်ဆန်ဖန်ဟာ ခမာနီတွေဘက်ကနေ ပြောင်းလာခဲ့ပြီး မဖမ်းဘူးဆိုတဲ့ အာမခံချက်အရ ကမ္ဘောဒီးယားမြို့တော် ဖနွမ်ပင်ကို ပြန်လာခဲ့ပါတယ်။

၂၀၀၇ ခုနှစ်မှာတော့ အဖမ်းခံရပြီး ကုလသမဂ္ဂ ကျောထောက်နောက်ခံပေးထားတဲ့ စစ်ရာဇဝတ်မှု ခုံရုံးမှာ တရားစွဲခံခဲ့ရပါတယ်။

၂၀၁၄ ခုနှစ်မှာတော့ တခြားစွဲချက်တွေကြားကနေမှ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ ထောင်ဒဏ် တသက်တကျွန်း ပြစ်ဒဏ်ကို စီရင်ခံခဲ့ရပါတယ်။

၂၀၁၈ နိုဝင်ဘာမှာတော့ လူမျိုးတုံး သတ်ဖြတ်မှုနဲ့ ထောင်ဒဏ် တသက်တကျွန်းပြစ်ဒဏ်ကို ထပ်ပြီး စီရင်ခံခဲ့ရပါတယ်။

6 mins Ago

August 5, 2019

ထောင်ဒဏ်တသက် ကျခံနေရသည့် ခမာနီခေါင်းဆောင် နုံချီယာ ကွယ်လွန်

ကမ္ဘောဒီးယားနိုင်ငံ ခမာနီအစိုးရလက်ထက်က ဝါဒရေးရာ အကြီးအကဲတဦးဖြစ်တဲ့ နုံချီယာ (Nuon Chea) ဟာ သြဂုတ် ၄ ရက်က ကွယ်လွန်သွားပါတယ်။ အသက် ၉၃ နှစ်အရွယ် ခမာနီခေါင်းဆောင် နုံချီယာဟာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ထောင်ဒဏ်တသက် ကျခံနေပြီး သူကွယ်လွန်တာကို ကမ္ဘောဒီးယား အထူးတရားရုံး ပြောခွင့်ရပုဂ္ဂိုလ်က အတည်ပြုခဲ့တာပါ။ ၁၉၆၀ မှာ နုံချီယာကို ကမ္ဘောဒီးယား ကွန်မြူနစ်ပါတီ ဒုတိယအတွင်းရေးမှူးအဖြစ် ခန့်အပ်ခဲ့ပါတယ်။ အဲဒီခန့်အပ်ချက်အရ သူဟာ ပါတီနဲ့ နိုင်ငံလုံခြုံရေး အကြီးအကဲ ဖြစ်ပါတယ်။ လုံခြုံရေးအကြီးအကဲ တာဝန်ယူစဉ်အတွင်း မြို့တော် ဖနွမ်းပင်က တူအိုလ်စလန်း (Tuol Sleng) အထက်တန်းကျောင်းမှာ S-21 စစ်ကြောရေးနဲ့ ညှဉ်းပန်းရေးစခန်းကို ဖွင့်ခဲ့ပါတယ်။ ဖနွမ်းပင်ကို ဗီယက်နမ်စစ်တပ် မသိမ်းပိုက်ခင် ၁၉၇၉ ခုနှစ် ဇန်နဝါရီ ၅ ရက်မှာ လုံခြုံရေးအကြီးအကဲ နုံချီယာက S-21 စစ်ကြောရေးခေါင်းဆောင် ကိုင်ဂွက်ခ်အေ့ဗ် (Kaing Guek Eav) ကို အကျဉ်းသားအကုန်လုံး သတ်ဖြတ်ဖို့ ညွှန်ကြားခဲ့ပါတယ်။ အဲဒီစခန်းမှာ အကျဉ်းသား ၁၄,၀၀၀ ညှဉ်းပန်းနှိပ်စက် ကွပ်မျက်ခံရပါတယ်။ ၁၉၉၈ ခုနှစ် ဒီဇင်ဘာမှာ နုံချီယာက ကမ္ဘောဒီးယားအစိုးရနဲ့ အဆက်အသွယ်ဖြတ်ပြီး ထိုင်းနယ်စပ်မှာ ခိုအောင်းနေခဲ့ပါတယ်။ အဲဒီနောက် ၂၀၀၇ ခုနှစ်မှာ သူဟာ အဖမ်းခံရပါတယ်။ လောလောဆယ်မှာ သမ္မတဟောင်း ခီယူဆမ်ဖန် (Khieu Samphan) နဲ့ ကိုင်ဂွက်ခ်အေ့ဗ်တို့ဟာ လူမျိုးတုံး သတ်ဖြတ်မှု၊ လူသားတွေအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေနဲ့ တသက်တကျွန်း ကျခံနေပါတယ်။ ခမာနီအစိုးရလက်ထက် ၁၉၇၅ ခုနှစ်ကနေ ၁၉၇၉ ခုနှစ်အတွင်း လူဦးရေရဲ့ လေးပုံတပုံနီးပါးဖြစ်တဲ့ လူဦးရေ ၁ ဒသမ ၇ သန်းကနေ ၂ ဒသမ ၂ သန်းအကြား သေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
Zawgyi Version ေထာင္ဒဏ္တသက္ က်ခံေနရသည့္ ခမာနီေခါင္းေဆာင္ ႏုံခ်ီယာ ကြယ္လြန္ DVB ကေမာၻဒီးယားႏိုင္ငံ ခမာနီအစိုးရလက္ထက္က ဝါဒေရးရာ အႀကီးအကဲတဦးျဖစ္တဲ့ ႏုံခ်ီယာ (Nuon Chea) ဟာ ၾသဂုတ္ ၄ ရက္က ကြယ္လြန္သြားပါတယ္။ အသက္ ၉၃ ႏွစ္အ႐ြယ္ ခမာနီေခါင္းေဆာင္ ႏုံခ်ီယာဟာ လူမ်ိဳးတုံးသတ္ျဖတ္မႈနဲ႔ ေထာင္ဒဏ္တသက္ က်ခံေနၿပီး သူကြယ္လြန္တာကို ကေမာၻဒီးယား အထူးတရား႐ုံး ေျပာခြင့္ရပုဂၢိဳလ္က အတည္ျပဳခဲ့တာပါ။ ၁၉၆၀ မွာ ႏုံခ်ီယာကို ကေမာၻဒီးယား ကြန္ျမဴနစ္ပါတီ ဒုတိယအတြင္းေရးမႉးအျဖစ္ ခန႔္အပ္ခဲ့ပါတယ္။ အဲဒီခန႔္အပ္ခ်က္အရ သူဟာ ပါတီနဲ႔ ႏိုင္ငံလုံၿခဳံေရး အႀကီးအကဲ ျဖစ္ပါတယ္။ လုံၿခဳံေရးအႀကီးအကဲ တာဝန္ယူစဥ္အတြင္း ၿမိဳ႕ေတာ္ ဖႏြမ္းပင္က တူအိုလ္စလန္း (Tuol Sleng) အထက္တန္းေက်ာင္းမွာ S-21 စစ္ေၾကာေရးနဲ႔ ညႇဥ္းပန္းေရးစခန္းကို ဖြင့္ခဲ့ပါတယ္။ ဖႏြမ္းပင္ကို ဗီယက္နမ္စစ္တပ္ မသိမ္းပိုက္ခင္ ၁၉၇၉ ခုႏွစ္ ဇန္နဝါရီ ၅ ရက္မွာ လုံၿခဳံေရးအႀကီးအကဲ ႏုံခ်ီယာက S-21 စစ္ေၾကာေရးေခါင္းေဆာင္ ကိုင္ဂြက္ခ္ေအ့ဗ္ (Kaing Guek Eav) ကို အက်ဥ္းသားအကုန္လုံး သတ္ျဖတ္ဖို႔ ၫႊန္ၾကားခဲ့ပါတယ္။ အဲဒီစခန္းမွာ အက်ဥ္းသား ၁၄,၀၀၀ ညႇဥ္းပန္းႏွိပ္စက္ ကြပ္မ်က္ခံရပါတယ္။ ၁၉၉၈ ခုႏွစ္ ဒီဇင္ဘာမွာ ႏုံခ်ီယာက ကေမာၻဒီးယားအစိုးရနဲ႔ အဆက္အသြယ္ျဖတ္ၿပီး ထိုင္းနယ္စပ္မွာ ခိုေအာင္းေနခဲ့ပါတယ္။ အဲဒီေနာက္ ၂၀၀၇ ခုႏွစ္မွာ သူဟာ အဖမ္းခံရပါတယ္။ ေလာေလာဆယ္မွာ သမၼတေဟာင္း ခီယူဆမ္ဖန္ (Khieu Samphan) နဲ႔ ကိုင္ဂြက္ခ္ေအ့ဗ္တို႔ဟာ လူမ်ိဳးတုံး သတ္ျဖတ္မႈ၊ လူသားေတြအေပၚ က်ဴးလြန္တဲ့ ျပစ္မႈေတြနဲ႔ တသက္တကြၽန္း က်ခံေနပါတယ္။ ခမာနီအစိုးရလက္ထက္ ၁၉၇၅ ခုႏွစ္ကေန ၁၉၇၉ ခုႏွစ္အတြင္း လူဦးေရရဲ႕ ေလးပုံတပုံနီးပါးျဖစ္တဲ့ လူဦးေရ ၁ ဒသမ ၇ သန္းကေန ၂ ဒသမ ၂ သန္းအၾကား ေသဆုံးခဲ့တယ္လို႔ ႐ိုက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။
2 years Ago
Up