close

တာလီဘန်များ သိမ်းပိုက်ထားသည့် ကဘူးလ်မြို့တော်တွင် အမျိုးသမီးများ ဆန္ဒပြ

အာဖဂန်နစ္စတန်နိုင်ငံရဲ့ မြို့တော် ကဘူးလ်မှာ အမျိုးသမီးတအုပ်စုက သြဂုတ် ၁၇ ရက်က ဆန္ဒပြကြပါတယ်။

တာလီဘန် သူပုန်တွေက အာဖဂန်ရဲ့ မြို့တော်ကို သိမ်းပိုက်အပြီးမှာ “ငြိမ်းချမ်းရေးကို လိုချင်တယ်။ ရန်သူဟောင်းတွေကို လက်စားမချေဘူး။ အစ္စလာမစ်ဥပဒေ မူဘောင်အတွင်းကနေ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို လေးစားမယ်”လို့ ပြောပါတယ်။

ရဲရင့်တဲ့ အမျိုးသမီးတွေဟာ တာလီဘန်တွေကို ဆန့်ကျင် ဆန္ဒပြဖို့ ကဘူးလ်မြို့ထဲက လမ်းတွေပေါ် ထွက်လာခဲ့ပါတယ်။

သူတို့ဟာ အလုပ်လုပ်ခွင့်၊ ပညာသင်ခွင့်၊ ဘေးကင်းတဲ့ လူ့အဖွဲ့အစည်းထဲမှာ နေထိုင်ခွင့်နဲ့ နိုင်ငံရေးမှာ ပါဝင်ခွင့်တွေ အပါအဝင် သူတို့ရဲ့ အခွင့်အရေးတွေကို တောင်းဆိုခဲ့ကြတယ်လို့ အီရန်သတင်းထောက် မာစီယာအလီနဲဂျဒ်က သူ့ရဲ့ တွစ်တာလူမှုကွန်ရက်ပေါ်မှာ ရုပ်သံနဲ့တကွ တင်ပြခဲ့ပါတယ်။

အာဖဂန်နစ္စတန်ကို တာလီဘန်တွေ ၁၉၉၆ ကနေ ၂၀၀၁ ခုနှစ်အတွင်း သိမ်းပိုက်ထားချိန်က အစ္စလာမစ်ရှရှီးယား ဥပဒေအောက်မှာ အမျိုးသမီးတွေ အလုပ်လုပ်ခွင့်ကို တာလီဘန်တွေက တားမြစ်ပိတ်ပင်ခဲ့တာပါ။

မိန်းကလေးတွေ ကျောင်းသွားခွင့် မရှိသလို အမျိုးသမီးတွေဟာလည်း တကိုယ်လုံး မျက်နှာပါ မကျန် ဖုံးအုပ်ထားတဲ့ ဘူခါအဝတ်ကို ဝတ်ပြီး အမျိုးသား ဆွေမျိုးတယောက်ပါမှ အိမ်ပြင်ကို ထွက်ခွင့်ရတယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up