close

အမေရိကန်စစ်လေယာဉ်ကို တွယ်စီးလိုက်ပါရာမှပြုတ်ကျပြီး အာဖဂန်လူငယ်ဘောလုံးသမား သေဆုံး

တာလီဘန်တွေက အာဖဂန်နစ္စတန်နိုင်ငံကို သိမ်းပိုက်လိုက်ပြီးနောက် ကဘူးလ် လေဆိပ်ကနေ ထွက်ခွာမယ့် အမေရိကန်စစ်တပ်ကယ်ဆယ်ရေးလေယာဉ်ကို တွယ်စီး လိုက်ပါခဲ့တဲ့ အာဖဂန်လူငယ်ဘောလုံးသမားလေးဟာ အမြင့်က ပြုတ်ကျသေဆုံးသွားခဲ့တယ်လို့ အာဖဂန်သတင်းအေဂျင်စီက အတည်ပြုပါတယ်။

ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က ဖြစ်ခဲ့တာဖြစ်ပြီး လွတ်မြောက်ဖို့အတွက် လေယာဉ်ပေါ် တွယ်တက်လိုက်ပါဖို့ ကြိုးစားနေကြတာတွေ၊ လေယာဉ်ပေါ်ကနေ ပြုတ်ကျခဲ့တဲ့ မှတ်တမ်းရုပ်သံတွေ ထွက်ပေါ်လာခဲ့ပြီးနောက် သေဆုံးသူထဲ အသက် ၁၉ နှစ်အရွယ် ဇာကီအန်ဝါရီလည်း ပါဝင်ခဲ့တယ်လို့ အာဖဂန်သတင်းအေဂျင်စီက ရေးသားဖော်ပြထားပါတယ်။

သူဟာ အာဖဂန်အမျိုးသားလူငယ်ဘောလုံးအသင်းက ကစားသမားတယောက် ဖြစ်ပြီး သူ့ရဲ့ ရုပ်အလောင်းက ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို လေယာဉ်ရဲ့ ဘီးတွေပေါ် မှာ တွေ့ရှိခဲ့ရတယ်လို့ ဗြိတိန်သတင်းမီဒီယာတခုကလည်း ဖော်ပြပါတယ်။

ကဘူးလ်လေဆိပ်မှာ လွတ်မြောက်ဖို့အတွက် လေယာဉ်ပေါ် တွယ်တက်လိုက်ပါဖို့ ကြိုးစားနေကြတဲ့ အာဖဂန်နစ္စတန်နိုင်ငံသားတွေရဲ့ လှုပ်ရှားမှု ပုံရိပ်တွေဟာ ကမ္ဘာကို တုန်လှုပ်စေခဲ့တဲ့ ပုံရိပ်တွေ ဖြစ်ခဲ့တာပါ။

ဘောလုံးသမား အန်ဝါရီဟာ ဘိုးအင်း စီ-၁၇ လေယာဉ်ပေါ်က ပြုတ်ကျသေဆုံးခဲ့တာ မှန်ကန်ကြောင်း အမေရိကန်လေတပ်နဲ့ အာဖဂန်နစ္စတန် အားကစားဦးစီးဌာနက အတည်ပြုထားပါတယ်။

       တာလီဘန်သူပုန်တွေက သမ္မတနန်းတော်ကိုလည်း သိမ်းပိုက်ထားလိုက်ပြီးနောက် အာဖဂန် သမ္မတ အဲ့ရှက်ဖ်ဂါနီ တိုင်းပြည်ကနေထွက်ပြေးသွားတာနဲ့အတူ အာဖဂန်အစိုးရအဖွဲ့လည်း ပျက်သွားခဲ့ပြီ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up