close

ZyCoV-D ကိုဗစ်-၁၉ ကာကွယ်ဆေး အရေးပေါ်အသုံးပြုရန် အိန္ဒိယအတည်ပြု

အိန္ဒိယဆေးဝါးစီမံကွပ်ကဲရေးဌာနက ဇီးဒတ်စ်ကာဒီလာ ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ဆေးကို အရေးပေါ်သုံးအတွက် အတည်ပြုချက် ထုတ်ပေးလိုက်ပါတယ်။

ဒါကြောင့် ဒီဆေးဟာ လူကြီးတွေနဲ့ အသက် ၁၂ နှစ်နဲ့အထက် ကလေးတွေအတွက် ထိုးနှံပေးနိုင်တဲ့ မျိုးဗီဇအခြေပြု ပထမဆုံး ကာကွယ်ဆေးထိုးဆေး ဖြစ်လာပါတယ်။

ဒီအတည်ပြုချက်ကြောင့် ဒီဇင်ဘာမှာ လူကြီးအားလုံး ကာကွယ်ဆေးထိုးပြီးဖို့ ရည်မှန်းထားတဲ့ အိန္ဒိယရဲ့ ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်အတွက် အားတက်စရာ ဖြစ်ခဲ့တာပါ။

တချို့ပြည်နယ်တွေမှာ ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်ဖို့ ကြိုးစားနေရဆဲ အိန္ဒိယမှာ အသက် ၁၈ နှစ်အောက် ပြည်သူတွေကို ပထမဆုံး ဆေးထိုးပေးနိုင်တော့မယ်လို့ ရိုက်တာက ဖော်ပြထားပါတယ်။

ဇီကော့ဗ်-ဒီ ZyCoV-D လို့ နာမည်ပေးထားတဲ့ ဒီကာကွယ်ဆေးဟာ ဗိုင်းရပ်စ်ဆီက မျိုးဗီဇပစ္စည်း တစိတ်တပိုင်းကို ယူသုံးထားပြီး လူ့ပင်ကိုခုခံအားစနစ်က မှတ်မိအောင်လုပ်ပြီး တုံ့ပြန်ခိုင်းတယ်လို့ ဆိုပါတယ်။

တခြား ကိုဗစ်-၁၉ ကာကွယ်ဆေးအများစုက တကြိမ် ဒါမှမဟုတ် နှစ်ကြိမ် ထိုးဖို့လိုပေမဲ့ ဇီကော့ဗ်ဒီကတော့ ထိုးဆေး ၃ ကြိမ် ထိုးဖို့ လိုပါတယ်။

ဆေးထုတ်လုပ်သူ ကာဒီလာ ကျန်းမာရေးစောင့်ရှောက်မှုကုမ္ပဏီကတော့ ဒီဆေးကို နှစ်စဉ် ထိုးဆေး လုံးရေ သန်း ၁၀၀ ကနေ သန်း ၁၂၀ ထိ ထုတ်ဖို့ ရည်မှန်းထားပြီး ကာကွယ်ဆေးတွေ စတင်စုဆောင်းနေပါပြီ။

ဒါကြောင့် ဘာရတ် ဘိုင်အိုတက်ကုမ္ပဏီထုတ် ကိုဗာဆင်ပြီးရင် အိန္ဒိယ ဇီဝနည်းပညာဌာနနဲ့ ဇီးဒတ်စ်ကာဒီလာကုမ္ပဏီ တွဲဖက်ထုတ်လုပ်ထားတဲ့ ဇီကော့ဗ်ဒီဟာ အရေးပေါ် သုံးစွဲခွင့်ရတဲ့ ဒုတိယမြောက် အိန္ဒိယ ပြည်တွင်းထုတ် ကာကွယ်ဆေး ထိုးဆေး ဖြစ်လာပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up