မုံရွာမြို့က ရဲမေ ၁ ဦး၏ နေအိမ် ဗုံးပစ်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မြဝတီရပ်ကွက် နယ်မြေအမှတ်(၈) အောင်သပြေလမ်းမှာရှိတဲ့ ရဲမေတစ်ယောက်ရဲ့ နေအိမ်ကို ဩဂုတ် ၂၂ ရက် ည ၈ နာရီလောက်က ဗုံးနဲ့ ပစ်ခံခဲ့ရပါတယ်။
ဒီလိုဗုံးနဲ့ ပစ်ခံရပေမယ့် ထိခိုက်ပျက်စီးတာမရှိဘဲ ဗုံးပေါက်ကွဲမှုဖြစ်ပြီး မကြာခင်မှာ စစ်ကောင်စီတပ်သားတွေရောက်လာကာ အဆိုပါ ရဲမေနဲ့ အဖေဖြစ်သူကို ခေါ်သွားတယ်လို့ သိရပါတယ်။
“သူ့အဖေက ရပ်ကွက် ဆယ်အိမ်မှူး သူသမီးက မုံရွာမြို့တိုင်းရဲတပ်ဖွဲ့ရုံးမှာ တာဝန်ထမ်းနေတယ်။ ဗုံးပေါက်ကွဲပြီးမကြာဘူး။ ကားတွေနဲ့ရောက်လာပြီး သားဖနှစ်ယောက်ကို ခေါ်သွားတယ်။” လို့ဒေသခံတစ်ဦးကပြောပါတယ်။
Monywa Heroes Group ကတော့ အဆိုပါ ရဲမေရဲ့အိမ်ကိုဗုံးနဲ့ ပစ်ခတ်ခဲ့တာ သူတို့လက်ချက်ဖြစ်ပြီး နောက်နောင်မှာလည်း စစ်ကောင်စီနဲ့ သစ္စာဖောက်လောက်ကောင်တွေကို ဆက်လက်တိုက်ခိုက်တာတွေ လုပ်မယ်လို့ ထုတ်ပြန်ထားပါတယ်။
Photo- Police DEP (ယခင်ဓာတ်ပုံဟောင်း)