ရွှေဘိုမြို့၌ လုံခြုံရေးအစောင့်စစ်သားကို နပန်းဝင်လုံးခဲ့သည့် အမျိုးသား ၁ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ စက်တင်ဘာ ၂ ရက် ည ၁၀ နာရီလောက်က အမှတ် (၁၀) ရပ်ကွက်၊ အမှတ်(၄) စစ်သားစုဆောင်းရေးတပ်ရှေ့က လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို နပန်းဝင်လုံးတဲ့ အမျိုးသား ၁ ဦး စက်တင်ဘာ ၃ ရက် မနက်ပိုင်းက သေဆုံးသွားတယ်လို့ မြို့ခံရဲ့ ပြောပြချက်အရ သိရပါတယ်။
သေဆုံးသွားသူဟာ ရွှေဘိုမြို့နယ်၊ လုံးတော်ကျေးရွာက ကိုနိုင်မျိုးဆိုသူဖြစ်ပြီး တပ်ရှေ့ လုံခြုံရေး ဧရိယာထဲကို ဝင်ရောက်ပြီး စစ်သားတွေကို စိန်ခေါ် လုံးထွေးသတ်ပုတ်ခဲ့တာလို့ မြို့ခံ တစ်ဦးက ပြောပါတယ်။
“သူက အရက်မူးနေတာနဲ့တူပါတယ်။ လုံခြုံရေးစစ်သားကို ဆဲဆိုစိန်ခေါ်ပြီး၊ လုံခြုံရေးဧရိယာထဲ အထိဝင်လာတော့ လုံးထွေးသတ်ပုတ်တာကနေ ရရှိတဲ့ဒဏ်ရာနဲ့ သေဆုံးသွားတယ်။”
လုံးထွေးသတ်ပုတ်ဖမ်းဆီးခံရစဉ် ရရှိတဲ့ဒဏ်ရာတွေနဲ့ ဆေးကုသမှုခံယူဖို့ ရွှေဘိုပြည်သူ့ဆေးရုံကြီးကိုပို့ ဆောင်ထားစဉ် ရရှိတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။