တရုတ်နိုင်ငံဆိုင်ရာ ဂျာမနီသံအမတ်ကြီး တာဝန်စတင်ထမ်းဆောင်ပြီး ၂ ပတ်အကြာ ရုတ်တရက် သေဆုံး

တရုတ်နိုင်ငံဆိုင်ရာ ဂျာမနီသံအမတ်ကြီး ယန်းဟက်ကာဟာ တာဝန်စတင်ထမ်းဆောင်ပြီး ၂ ပတ်အကြာ ရုတ်တရက် သေဆုံးသွားခဲ့တယ်လို့ သံရုံးက ထုတ်ပြန်ထားပါတယ်။
“သံအမတ်ကြီး ရုတ်တရက်သေဆုံးသွားတဲ့အပေါ် အရမ်းဝမ်းနည်းစိတ်မကောင်း ဖြစ်ရပြီး တုန်လှုပ်မိပါတယ်။ ဒီအချိန်မှာ ကျနော်တို့ရဲ့ နှလုံးသားတွေ သူ့မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ရှိနေပါတယ်” လို့ ဂျာမနီနိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
အသက် ၅၄ နှစ်အရွယ် သံအမတ်ကြီးဟာ ဂျာမနီ အဓိပတိ အန်ဂျလာမာကယ်လ်ရဲ့ နိုင်ငံခြားရေးမူဝါဒအကြံပေးပညာရှင်အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ဩဂုတ် ၂၄ ရက်နေ့ကမှ တရုတ်နိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် တာဝန်ပေးအပ်ခံခဲ့ရတာ ဖြစ်ပါတယ်။
လတ်တလောမှာတော့ သံအအမတ်ကြီး သေဆုံးရတဲ့အကြောင်းရင်းကို အတည် မပြုနိုင်သေးပါဘူး။
ဂျာမနီဖက်ဒရယ်နိုင်ငံခြားရေးရုံးရဲ့ ၀က်ဘ်ဆိုက်ဒ်စာမျက်နှာပေါ်မှာတော့ သံအမတ်ကြီး ရုတ်တရက် သေဆုံးသွားတဲ့အပေါ် အလွန်ဝမ်းနည်းကြေကွဲဝမ်းနည်းရကြောင်း ရေးသားဖော်ပြ ထားပါတယ်။