close

ရုတ်တရက် သေဆုံး

close

September 6, 2021

တရုတ်နိုင်ငံဆိုင်ရာ ဂျာမနီသံအမတ်ကြီး တာဝန်စတင်ထမ်းဆောင်ပြီး ၂ ပတ်အကြာ ရုတ်တရက် သေဆုံး

တရုတ်နိုင်ငံဆိုင်ရာ ဂျာမနီသံအမတ်ကြီး ယန်းဟက်ကာဟာ တာဝန်စတင်ထမ်းဆောင်ပြီး ၂ ပတ်အကြာ ရုတ်တရက် သေဆုံးသွားခဲ့တယ်လို့ သံရုံးက ထုတ်ပြန်ထားပါတယ်။

“သံအမတ်ကြီး ရုတ်တရက်သေဆုံးသွားတဲ့အပေါ် အရမ်းဝမ်းနည်းစိတ်မကောင်း ဖြစ်ရပြီး တုန်လှုပ်မိပါတယ်။ ဒီအချိန်မှာ ကျနော်တို့ရဲ့ နှလုံးသားတွေ သူ့မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ရှိနေပါတယ်” လို့ ဂျာမနီနိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

အသက် ၅၄ နှစ်အရွယ် သံအမတ်ကြီးဟာ ဂျာမနီ အဓိပတိ အန်ဂျလာမာကယ်လ်ရဲ့ နိုင်ငံခြားရေးမူဝါဒအကြံပေးပညာရှင်အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ဩဂုတ် ၂၄ ရက်နေ့ကမှ တရုတ်နိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် တာဝန်ပေးအပ်ခံခဲ့ရတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ သံအအမတ်ကြီး သေဆုံးရတဲ့အကြောင်းရင်းကို အတည် မပြုနိုင်သေးပါဘူး။

ဂျာမနီဖက်ဒရယ်နိုင်ငံခြားရေးရုံးရဲ့ ၀က်ဘ်ဆိုက်ဒ်စာမျက်နှာပေါ်မှာတော့ သံအမတ်ကြီး ရုတ်တရက် သေဆုံးသွားတဲ့အပေါ် အလွန်ဝမ်းနည်းကြေကွဲဝမ်းနည်းရကြောင်း ရေးသားဖော်ပြ ထားပါတယ်။

2 mins Ago

May 17, 2020

ဖားကန့်-မြစ်ကြီးနား လမ်းမပေါ်တွင် ခရီးသွားတဦး ရုတ်တရက် သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ခြောက်မိုင်ကျေးရွာ ဖားကန့်-မြစ်ကြီးနား ကားလမ်းမကြီးဘေးမှာ အမျိုးသားတဦး  မေ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲလောက်က ရုတ်တရက် သေဆုံးသွားခဲ့တယ်လို့ ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။ သေဆုံးသူဟာ ခရီးသည်တင်ယာဉ်နဲ့ ဆိပ်မူကျေးရွာကနေ  မြစ်ကြီးနားမြို့ကို စီးနင်းလိုက်ပါလာစဉ် နေထိုင်မကောင်းဖြစ်ကာ အသက်ရှူကြပ်တာကြောင့် ခြောက်မိုင်ကျေးရွာမှာ ဆင်းနေခဲ့ပြီး အချိန်အနည်းငယ်အတွင်းမှာ သေဆုံးသွားခဲ့တာလို့ ရဲတပ်ဖွဲ့က သိရပါတယ်။ သေဆုံးသူဟာ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဂါးရာယန်ကျေးရွာနေထိုင်သူ ဦးဂမ်ဖန် (၄၃ နှစ်)   ဖြစ်တယ်လို့ သိရပါတယ်။ မျက်မြင်တွေ့ရှိသူ ခြောက်မိုင်ရွာသားတဦးက “ကားပေါ်ကနေ ဆင်းပြီး ကားလမ်းဘေး ဟိုတုန်ဖုန်းကားဘီးနားမှာ ခေါင်းအောက်စိုက်ပြီး ထိုင်နေတာ တွေ့တာပဲ။ ခဏနေ ကြည့်လိုက်တော့ အသက်မရှိတော့ဘူး။ သူ ဒီနားကို ရောက်တာ ခဏပဲ ရှိသေးတာ” လို့ ပြောပါတယ်။ ဦးဂမ်ဖန် သေဆုံးမှုနဲ့ပတ်သက်ပြီး လုံးခင်းရဲစခန်းမှ ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်၊ မဟုတ် လုံးခင်းတိုက်နယ် ဆေးရုံပို့ ရင်ခွဲစစ်ဆေးချက်အရ သေဆုံးသူဟာ မူးယစ်ဆေးဝါး သုံးစွဲထားတဲ့လက္ခဏာ တွေ့ရှိရပြီး အဆုတ်ရောင်ရောဂါနဲ့ သေဆုံးခဲ့တာလို့ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာ မင်းလွင်က ပြောပါတယ်။ “ရင်ခွဲစစ်ဆေးမှုအရကတော့ မူးယစ်ဆေးဝါး နည်းနည်းသုံးစွဲထားတဲ့ လက္ခဏာတွေ့ရတယ်။ အဆုတ်ရောင်တာ တွေ့ရတယ်ပေါ့။ တချို့ကလည်း ဒါကို ကိုဗစ်နဲ့ သေဆုံးတယ်ဆိုပြီးတော့လည်း ကောလာဟလတွေ လျှောက်ပြောနေကြတာ တွေ့ရပါတယ်။ ဒီရောဂါ ဟုတ်၊ မဟုတ်ဆိုတာ ဘယ်သူမှ အတည်ပြုလို့မရပါဘူး။ သူ့ရဲ့ Swab ကို အမျိုးသား ကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲမှုဌာနကို ပို့လိုက်ပါပြီ။ အဲဒီက အဖြေထွက်မှပဲ အတည်ပြုလို့ရမှာပါ။” သေဆုံးသူနဲ့ပတ်သက်ပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံပြီး သေဆုံးတယ်ဆိုတဲ့ သတင်းတွေ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတာကြောင့် ဖားကန့်ဒေသခံတချို့ စိုးရိမ်ထိတ်လန့်နေကြပါတယ်။ ဖားကန့်မြို့နယ်အတွင်းရှိ Quarantine စခန်းတွေက လူ ၁၀၀ ကျော်ရှိတဲ့ထဲက ၆၀ ကျော်ရဲ့ နှာခေါင်းတို့ဖတ်တွေကို အမျိုးသားကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲမှုဌာနကို ပို့ဆောင်စစ်ဆေးခဲ့ရာမှာ ရောဂါပိုး မတွေ့ဘူးလို့ မြို့နယ် ကျန်းမာရေးဦးဌာနနဲ့ မြို့နယ် ထွေအုပ်ထံက သိရပါတယ်။ ဇော်မိုးထက် (ဖားကန့် )
1 year Ago
Up