close

ကျောင်းသားပြည်သူတရပ်လုံး ဖက်ဆစ်စစ်တပ်ပြုတ်ကျရေး ပါဝင်ကြရန် မန္တလေး တကသများ တိုက်တွန်း

ကျောင်းသားပြည်သူတစ်ရပ်လုံးအနေနဲ့ ဖက်ဆစ်စစ်တပ်ဖြုတ်ဖို့အတွက် စစ်အုပ်စုထောက်တိုင်တွေကို ဖြိုချဖို့အတွက် တတ်နိုင်တဲ့ ကဏ္ဍကနေ ပါဝင်တော်လှန်ကြဖို့ မန္တလေးအခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများက ဒီနေ့ အရေးပေါ် ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

ကျောင်းသားပြည်သူအပေါင်းဟာ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ရတဲ့န ည်းလမ်းပေါင်းစုံနဲ့ တော်လှန်နေကြပြီး အခုအခါ ပြည်သူ့တော်လှန်ရေးနေ့ကို ရောက်ရှိလာပြီဖြစ်ပါတယ်။

မန္တလေးအခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများအနေနဲ့ ဖက်ဆစ်ဆန့်ကျင်ရေးအတွက် တပ်ဦးကနေ ပါဝင်ခဲ့သလို လက်နက်ကိုင်တော်လှန်ရေးမှာလည်း ထိပ်ဆုံးက ပါဝင်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်အာဏာရှင် တော်လှန်ရေးအတွက် မြန်မာနိုင်ငံတဝန်းကို စက်တင်ဘာ ၇ ရက်နေ့ကစလို့ အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီး အချိန်ကာလအားဖြင့် ပြည်သူ့အုပ်ချုပ်ရေးအာဏာ ပြန်လည် ထူထောင်နိုင်တဲ့အချိန်အထိ သတ်မှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ဒီနေ့မနက် ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up