close

ဗဟိုဘဏ်က ဒေါ်လာ ၁၅သန်း ထပ်မံထုတ်ရောင်း၊ တစ်လအတွင်း ဒေါ်လာ ၃၈ သန်း ရောင်းချထား

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၁၅ သန်းကို လေလံအတွက် ပျမ်းမျှ ငွေလဲနှုန်း တစ်ဒေါ်လာကို ၁၇၅၀ ကျပ် သတ်မှတ်ပြီး စက်တင်ဘာ ၂၀ ရက် ဒီနေ့မှာ  ထပ်မံထုတ်ရောင်းချခဲ့ပါတယ်။ 

အခုစက်တင်ဘာလအတွင်း တတိယအကြိမ်အဖြစ် ထုတ်ရောင်းချခြင်းဖြစ်ပြီး၊ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်နေ့မှာ ကန်ဒေါ်လာ ၁၅ သန်း၊ စက်တင်ဘာ ၁၅ ရက်နေ့မှာ ကန်ဒေါ်လာ ၈ သန်း နဲ့ စုစုပေါင်း သုံးကြိမ်ထုတ်ရောင်းချပြီး ဖြစ်ပါတယ်။ 

သုံးကြိမ်လုံးမှာ လေလံအတွက် ပျမ်းမျှ ငွေလဲနှုန်းကို တစ်ဒေါ်လာ ၁၇၅၀ ကျပ် သတ်မှတ်ခဲ့ပါတယ်။ ဒါကြောင့်ယခုလအတွင်း ဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေရောင်းချမှုစုစုပေါင်း  ကန်ဒေါ်လာ ၃၈ သန်းခန့် ရှိနေပြီဖြစ်ပါတယ်။

လတ်တလော ပြင်ပငွေလဲကောင်တာ စျေးကွက်မှာတော့ ကန်ဒေါ်လာ ငွေလဲနှုန်းက တစ်ဒေါ်လာကို  ၂၀၁၀ ကျပ် ဝန်းကျင် စျေးနှုန်း ဖြစ်ပေါ်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up