ဘိုလီးဗီးယားတွင် ကိုကာစိုက်တောင်သူများနှင့်ရဲများ ထိပ်တိုက်တွေ့

ဘိုလီးဗီးယားနိုင်ငံ လာပဲ့ဇ်မြို့တော်မှာ ကိုကာ စိုက်ပျိုးတဲ့ တောင်သူတွေနဲ့ အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေ စက်တင်ဘာ ၂၄ ရက်က ရင်ဆိုင် တွေ့ခဲ့ကြပါတယ်။
ကိုကာရောင်းချခွင့်နဲ့ ပတ်သက်ပြီး အခြေအနေ တင်းမာလာရာက ဆန္ဒပြသူတွေနဲ့ ရဲတွေကြား ကျောက်ခဲတွေ၊ မျက်ရည်ယိုဓာတ်ငွေ့တွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ ကြပါတယ်။
အကြမ်းဖက်မှုအတွင်း ရဲကားတွေ မီးရှို့ခံရပါတယ်။ ကိုကာစိုက်ပျိုးသူ ဆန္ဒပြသမားတွေက မီးစရှို့တာလို့ သံသယဖြစ် ခံကြရပါတယ်။
ကိုကာထုတ်ကုန်တွေကို ရောင်းဖို့ သမားရိုးကျ ဈေးကွက်ကို အာဏာပိုင်တွေက နှိမ့်ပစ်တယ်လို့ ဆန္ဒပြနေတဲ့ ကိုကာ တောင်သူတွေက ပြောပါတယ်။
အင်ဒီးစ်တောင်တန်းဒေသ တောင်ပေါ်သားတွေဟာ မြင့်မားတဲ့ နေရာတွေမှာ နေထိုင်လို့ ဖြစ်တဲ့ သက်ရောက်မှုတွေကိုခံနိုင်အောင် ကိုကာရွက်တွေကို ဝါးလာတဲ့ အစဉ်အလာဟာ ရာစုနှစ်ချီနေပါပြီ။
ကိုကာရွက်တွေကို ရေနွေးကြမ်းအဖြစ် သောက်သုံးသလို တိုင်းရင်းသားအများအပြားက မြင့်မြတ်တဲ့ အရာအဖြစ် မှတ်ယူ ထားကြပါတယ်။