ကိုဗစ်ကာကွယ်ဆေးထုတ်ရန် အိန္ဒိယဝန်ကြီးချုပ် ဖိတ်ခေါ်

အိန္ဒိယဝန်ကြီးချုပ် နရင်ဒြာမိုဒီဟာ ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ စက်တင်ဘာ ၂၅ ရက်က မိန့်ခွန်းပြောကြားရာမှာ သူ့နိုင်ငံထဲမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေး ထုတ်လုပ်ဖို့ ကမ္ဘာ့ဆေးဝါး ထုတ်လုပ်သူတွေဖိတ်ခေါ်လိုက်ပါတယ်။
အိန္ဒိယဟာ ကမ္ဘာ့ ပထမဆုံး DNA နည်းပညာနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထုတ်လုပ်ထားတယ်၊ ဒီကာကွယ်ဆေးဟာ အသက် ၁၂ နှစ်နဲ့အထက် လူကြီးတွေ ထိုးနှံနိုင်တယ်လို့ ကုလသမဂ္ဂကို သတိပေးရင်း အိန္ဒိယပြည်တွင်းထုတ် ကာကွယ်ဆေး ထုတ်လုပ်မှုအကြောင်း မိုဒီက အမွှမ်းတင် ပြောဆိုခဲ့ပါသေးတယ်။
အိန္ဒိယဆေးဝါး စည်းကြပ်ရေးဌာနက ကိုဗစ်-၁၉ ကာကွယ်ဆေးအသစ် ဇီးဒပ်စ်ကာဒီလာကို အရေးပေါ်အခြေအနေအတွက် သုံးဖို့ သြဂုတ်လမှာ အတည်ပြုပေးခဲ့ပါတယ်။
ဒီဆေးဟာ အသက် ၁၂ နှစ်အထက် လူတွေကို ကိုရိုနာဗိုင်းရပ်စ် မကူးစက်အောင် ထိုးနှံနိုင်တဲ့ ကမ္ဘာ့ပထမဆုံး DNA ထိုးဆေး ဖြစ်လာပါတယ်။
ဇီးကော့ဗ်ဒီလို့ခေါ်တဲ့ ဒီကာကွယ်ဆေးဟာ ဗိုင်းရပ်စ်ရဲ့ မျိုးဗီဇ DNA အစိတ်အပိုင်းကို သုံးပြီး လူ့ခန္ဓာကိုယ်ရဲ့ ရောဂါပြီးစနစ်က အသိအမှတ်ပြု တုန့်ပြန်မယ့် ပရိုတိန်းကို ထုတ်ဖို့ မျိုးဗီဇ DNA ကို ညွှန်ကြားတယ်လို့ ဆိုပါတယ်။