close

ကျောက်တံတားရဲစခန်း ဗုံးခွဲခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်များ လမ်းပေါ်ထွက် ရမ်းကား

ရန်ကုန်မြို့လယ်ခေါင်ရှိ ကျောက်တံတားရဲစခန်းအတွင်း အပေါ်ထပ်  ၄  လွှာကို  44st- UG အဖွဲ့နဲ့ YADF အဖွဲ့တို့ပူးပေါင်းပြီး  စက်တင်ဘာ ၂၈ ရက် မနက်  ၇  နာရီခွဲက  ဗုံးခွဲတိုက်ခိုက်ခဲ့ တယ်လို့ ရန်ကုန်မြို့ပြအာဏာရှင်ဆန့်ကျင်ရေးအင်အားစု (YADF) က ကြေညာပါတယ်။

ဗုံးခွဲတိုက်ခိုက်ခံရတဲ့ ကျောက်တံတားရဲစခန်းက စစ်ကောင်စီလက်နက်ကိုင်တွေ လမ်းမပေါ် အရပ်ဝတ်နဲ့ ထွက်လာပြီး လမ်းပေါ်ဖြတ်သန်းသွားလာတဲ့ ကားတွေနဲ့ပြည်သူတွေကို ဆဲဆိုကြိမ်းမောင်း သေနတ်နဲ့ ချိန်ခြိမ်းခြောက်တာတွေ ပြုလုပ်ခဲ့ပါတယ်။

ဗုံးခွဲတိုက်ခိုက်ခဲ့ပြီးနောက် မိမိတို့ဘက်က ရဲဘော်တွေ အန္တရာယ်ကင်းစွာ ပြန်လည်ဆုတ်ခွာ လာနိုင်ခဲ့ကြောင်းနဲ့ နောင်မှာ အာဏာရှင် စစ်အစိုးရနဲ့ လက်ကိုင်တုတ်တွေကို ဒီထက်ထိရောက်စွာ တိုက်ခိုက်သွားမယ်လို့လည်း YADF ကြေညာချက်မှာဖော်ပြပါတယ်။

ဖေဖော်ဝါရီ ၁ ရက်ကစပြီး အကြမ်းဖက် စစ်ကောင်စီရဲ့ မတရားအာဏာသိမ်းခြင်းကြောင့် အပြစ်မဲ့ပြည်သူများစွာ မတရားဖမ်းဆီးခံခဲ့ရတာ အသက်ပေါင်းများစွာပေးဆပ် သွေးမြေကျခဲ့ ရတာကြောင့် အဆိုပါ မတရားမှုတွေကို တွန်းလှန်ပြီး အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်း သွားဖို့ ရည်မှန်းချက်တူ ရင်ဘက်ချင်းတူကြတဲ့အဖွဲ့တွေနဲ့ မဟာမိတ်ပူးပေါင်းကာ ရှေ့ဆက် အတူတကွတိုက်ပွဲဝင်သွားမယ်လို့  YADF  ကြေညာထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up