close

ကိုဗစ်ကာကွယ်ဆေးမထိုးသည့် ယူနိုက်တက်အဲလိုင်းဝန်ထမ်း ၆၀၀ ခန့် အလုပ်ပြုတ်ဖွယ်ရှိ

ယူနိုက်တက်အဲလိုင်းလေကြောင်းလိုင်းရဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေး မူဝါဒကို လိုက်နာဖို့ ပျက်ကွက်တဲ့ အမေရိကန်အခြေစိုက်ဝန်ထမ်း အယောက် ၆၀၀ နီးပါးဟာ အလုပ်ရပ်နားခံရမယ့် အရေးကို ရင်ဆိုင်နေရတယ်လို့ လေကြောင်းလိုင်းက စက်တင်ဘာ ၂၈ ရက်မှာ ပြောလိုက်ပါတယ်။

သြဂုတ်လအစောပိုင်းမှာ ကုမ္ပဏီဟာ ပြည်တွင်း လေကြောင်းလိုင်းအတွက် ဝန်ထမ်းအားလုံး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးဖို့ လိုအပ်ချက်ကို ကျင့်သုံးတဲ့ ပထမဆုံး အမေရိကန် လေကြောင်း လိုင်း ဖြစ်လာပါတယ်။

 ဝန်ထမ်းတွေဟာ ကာကွယ်ဆေး ထိုးပြီးကြောင်း သက်သေကို တနင်္လာနေ့မှာ တင်ပြနိုင်ဖို့ လိုပါတယ်။ အင်္ဂါနေ့က စပြီး ကာကွယ်ဆေး မထိုးဖို့ ဆုံးဖြတ်ခဲ့တဲ့ ဝန်ထမ်း ၅၉၃ ယောက်ကို အလုပ်စထုတ်မယ်လို့ လေကြောင်းလိုင်းက ပြောပါတယ်။

“ဒါဟာ အင်မတန် ခက်ခဲတဲ့ ဆုံးဖြတ်ချက်ပါ။ ဒါပေမဲ့ ကျနော်တို့ ဝန်ထမ်းတွေ ဘေးကင်းရေးက အမြဲတမ်း ထိပ်တန်း ဦးစားပေးပဲ”လို့ လေကြောင်းလိုင်း ဥက္ကဋ္ဌနဲ့ အမှုဆောင် အရာရှိချုပ်တို့က ဝန်ထမ်းတွေကို ပြောပါတယ်။ 

လေကြောင်းလိုင်းဟာ ဘာသာရေးနဲ့ ဆေးပညာဆိုင်ရာ အကြောင်းပြချက်တွေအတွက် ဝန်ထမ်းတွေ ကာကွယ်ဆေး ကင်းလွတ်ခွင့် မေတ္တာရပ်ခံချက်ကို လက်ခံ ထားပါတယ်။

အမေရိကန်လုပ်သားအင်အားရဲ့  ၃ ရာခိုင်နှုန်းထက် နည်းတဲ့ သူတွေသာ ဘာသာရေးနဲ့ ဆေးပညာဆိုင်ရာ ကင်းလွတ်ခွင့် ရတယ်လို့ လေကြောင်းလိုင်း အရာရှိတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up