close

၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် ကုတင် ၁၀၀၀ ဆံ့ ကိုဗစ် ကုသစင်တာ စတင်ဖွင့်လှစ်

မြန်မာနိုင်ငံ အရှေ့မြောက် စီးပွားရေး တံခါးပေါက်ရဲ့ အဓိက ကုန်သွယ်ရာမှာ အရေးပါတဲ့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှာ  ကုတင် ၁၀၀၀ ဆံ့ ကိုဗစ် ကုသရေးစင်တာကို  အောက်တိုဘာ ၁ ရက် မွန်းလွဲ ၂ နာရီက စတင် ဖွင့်လှစ် လိုက်ပြီဖြစ်ပါတယ်။

အဲဒီကုသရေး စင်တာကို တရုတ်နိုင်ငံ၊ ရွှေလီမြို့ ပြည်သူ့အစိုးရရဲ့ ပံ့ပိုးကူညီမှုနဲ့ ဆောက်လုပ်ခဲ့တာ ဖြစ်ပြီး မူဆယ် ၁၀၅ မိုင် ကုန်သွယ် ရေးဇုန်၊ အရှေ့မြောက်တံခါး အများနှင့်ဆိုင်သော ကုမ္ပဏီဝင်းမှာ ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံဘက်ကို ကုန်တင်ပို့နိုင်ဖို့ ကုန်တင်ကားသမားတွေကို အဓိကထားပြီး ကိုဗစ်ပိုး စစ်ဆေး၊ ကုသွားမှာဖြစ်ကြောင်း "ဟုတ်တယ်။ ဟုတ်တယ်။ အဲမှာ စစ်ပြီး ဆေးတွေရော ထိုးပေးမှာ ဟုတ်တယ်။" လို့ မူဆယ် ခရိုင်ဦးစီးဌာနမှူး ဦးအယ်စိုးထန်တူးက ပြောပါတယ်။

အဓိကက ကုန်တင်ကားဆရာတွေအတွက် ရည်ရွယ်ဖွင့်တာဖြစ်ပြီး နှစ်နိုင်ငံ ကုန်သွယ်ရေး ဂိတ်ဖွင်ဖို့ လည်း ဒီစင်တာအပေါ်  မူတည်နေတယ်လို့ ၁၀၅ မိုင် က စင်တာနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ကုတင် ၂၅၀ ဆံ့ အဆောင် ၄ ဆောင်ရှိပြီး ပိုးစ‌စ်‌ဆေးရေး၊ ကုသရေးနဲ့ ကျန်းမာစောင့်ရှောက်မှုကို ဆရာဝန် ၃ ဦး၊ သူနာပြု ၇ ဦး၊ စေတနာ့ ဝန်ထမ်း ၄၀ ဦးနဲ့ ကြက်ခြေနီ တပ်ဖွဲ့ဝင်တွေက ပူးပေါင်း ကူညီဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ နှစ်နိုင်ငံ ကုန်သွယ်စီးဆင်းမှု ပိုမိုမြန်ဆန်ရေးအတွက် ၁၀၅ မိုင် ကုတင် ၁၀၀၀ ဆံ့ ကိုဗစ်၀၁၉ ကုသရေးနဲ့ ကွာရန်တင်းစင်တာကို ဩဂုတ်လ ၁၆ ရက်ကစတင် တည်ဆောက်ခဲ့တာလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up