close

မန္တလေးဆန္ဒပြသံဃာတော်များကို စစ်ကောင်စီတပ်က ကားနဲ့တိုက် အကြမ်းဖက်ဖမ်းဆီး လူဝတ်လဲ

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် သံလျှက်မှော်အနောက်ရပ်ကွက်ထဲမှာ အောက်တိုဘာ ၂ ရက် နေ့လယ်  ၁ နာရီက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြတဲ့ မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဖြိုခွဲခံခဲ့ရပါတယ်။

မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဖြိုခွဲရာမှာ စစ်ကောင်စီလက်နက်ကိုင်တပ်တွေက အိမ်စီးကားနဲ့တိုက်ပြီး သေနတ်နဲ့ ပစ်ဖမ်းဆီးတာဖြစ်ကာ သံဃာတော်  ၅ ပါး နဲ့ လူ ၃ ဦး ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့ ဆရာတော်တွေကတော့ မစိုးရိမ်ကျောင်းတိုက်မှာ သီတင်းသုံးတဲ့ ဥူးသီရိန္ဒနဲ့ ဥူးသုစိတ္တ ၊ ဗန်းမော်တိုက်မှာ သီတင်းသုံးတဲ့ ဥူးဝိလာသ၊ မြင်းဝန်မင်းကြီးတိုက်မှာ သတင်းသုံးတဲ့ ဥူးရေဝတ၊ ရှမ်းစုဆီးဘန်းနီတိုက်မှာ သတင်းသုံးတဲ့ ဥူးဝီရိဓမ္မတို့ ဖြစ်ပြီး လူဝတ်လဲကာ ဖမ်းဆီးခံထားရပါတယ်။

ဒါ့အပြင် ဘုန်းကြီးကျောင်းသားနဲ့ တက္ကစီမောင်းသူ စုစုပေါင်း ၃ ယောက်လည်းဖမ်းဆီးခံခဲ့ရကာ  ဆိုင်ကယ်တွေပါ သိမ်းသွားတာလို့ သိရပါတယ်။

မန္တလေးသံဃသမဂ္ဂ သပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် နေ့စဉ်ချီတက်နေတဲ့ မန္တလေးမြို့က စစ်ကြောင်းတစ်ခုဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up