close

ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်သည့် ထိုင်းစက်ရုံများ ကာဗွန်အခွန်ဆောင်ရမည်

ထိုင်းနိုင်ငံမှာ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်တဲ့ စက်ရုံ‌တွေကို ကာဗွန်အခွန်ကောက်ခံသွားဖို့ ရည်ရွယ်ထားတယ်လို့ ထိုင်းယစ်မျိုးခွန်ဦးစီးဌာနက ပြောပါတယ်။

ဒီအစီအစဉ်ဟာ အနာဂတ်ကာလ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လျော့နည်းစေမယ့် လျှပ်စစ်ကားတွေ ထုတ်လုပ်မှု တိုးတက်လာနိုင်ဖို့နဲ့ ဆက်စပ်နေတယ်လို့ နေးရှင်းသတင်းက ဆိုပါတယ်။

ထိုင်းအစိုးရ အမျိုးသားမဟာဗျူဟာအရ လာမယ့် ၂၀၂၅ ခုနှစ်မှာ နိုင်ငံ့မော်တော်ယာဉ် ထုတ်လုပ်မှုစုစုပေါင်းရဲ့ အနည်းဆုံး ၃၀ ရာခိုင်နှုန်းထိ ဖြစ်လာစေဖို့ ရည်မှန်းထားပြီး အနာဂတ်ကာလမှာ လျှပ်စစ်ကားတွေ အသုံးပြုမှု တိုးတက်လာတာက စက်သုံးဆီသုံးစွဲမှု လျော့ကျလာစေမယ်လို့ ဆိုပါတယ်။

ယစ်မျိုးခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် လာဗာရွန်ဆန်စနစ်က လာမယ့်ကာလ စည်းကြပ်မယ့် ကာဗွန်အခွန်က စက်သုံးဆီအခွန်ကို လျှော့ချနိုင်စေမှာဖြစ်ပြီး အခွန်သစ်နဲ့ပတ်သက်ပြီး လေ့လာမှုတွေ ပြုလုပ်နေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

လတ်တလော ဒီအစီအစဉ်အရ ကာဗွန်ဒိုင်အောက်ဆိုက်ဒ် ထုတ်လွှတ်မှုပမာဏမြင့်တဲ့ စက်ရုံတွေကို ထုတ်လွှတ်တဲ့ ဓာတ်ငွေ့ပမာဏထက် မြင့်မားတဲ့ အခွန်ဆောင်ရမယ့်သဘော ဖြစ်တယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up