close

အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန်မာအကြမ်းဖက်စစ်ခေါင်းဆောင်ကို တက်ခွင့်မပြုရန် ဆွေးနွေးနေ

အခုလအတွင်း ကျင်းပဖို့ရှိနေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မဖိတ်ကြားဖို့ အာဆီယံနိုင်ငံတွေက ဆွေးနွေးနေကြတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် ဧရာဝဏ်ယူဆော့ဖ်က  အောက်တိုဘာ ၆ ရက် ဒီကနေ့ ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေရပ်တန့်ဖို့ အပါအဝင်  အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို  အကောင်အထည်ဖော်ဖို့ ကိစ္စ အာဏာသိမ်းစစ်ကောင်စီအနေနဲ့  တိုးတက်အောင် ဆောင်ရွက်မှု မရှိတဲ့ အတွက်ဖြစ်တယ်လို့ ရိုက်တာသတင်းမှာဖော်ပြပါတယ်။

အာဆီယံဘုံသဘောတူညီချက် ၅ ချက်နဲ့ ပတ်သက်ပြီး အရေးယူဆောင်ရွက်မှုမရှိတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ကြောင့် အခြေအနေတွေဟာ နောက်ပြန်သွားနေတဲ့ သဘောသက်ရောက်နေတယ်လို့လည်း အာဆီယံ အထူးကိုယ်စားလှယ် ဘရူနိုင်း ဒုနိုင်ငံခြားရေးဝန်ကြီး ဧရာဝဏ်ယူဆော့ဖ်က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။ 

အာဆီယံသဘောတူညီမှုကို အကောင်အထည်ဖော်ဖို့ကိစ္စ တိုးတက်မှုမရှိပါက မလေးရှားဟာ အောက်တိုဘာ ၂၆ မှ ၂၈ ရက်အထိ ကျင်းပမယ့် အာဆီယံထိပ်သီး အစည်းအဝေး တက်ရောက်ဖို့ စစ်တပ်ခေါင်းဆောင်ကို ဖိတ်ကြားဖို့ခက်ခဲလိမ့်မယ်လို့ မလေးနိုင်ငံခြားရေး၀န်ကြီး  ဆိုင်ဖွတ်ဒင်က လည်း ပြောထားပါတယ်။ 

မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကိုဖြေရှင်းဖို့ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ဖို့ လက်ရှိအာဏာရယူထားတဲ့ စစ်အာဏာရှင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှု မရပါက မလေးရှားနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တွေ့ဆုံဆွေးနွေးရေး စဉ်းစားဖို့ အဆင်သင့်ဖြစ်နေပြီလို့လည်’ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up