မန်ယူဂိုးသမားဟောင်း ရိုမဲရိုး အီတလီစီးရီအေကလပ် ဗင်နီဇီယာသို့ ပြောင်းရွှေ့

မန်ယူအသင်းကနေ ထွက်ခွာလာခဲ့တဲ့ ဂိုးသမားရိုမဲရိုးဟာ အီတလီစီးရီအေကလပ် ဗင်နီဇီယာ အသင်းကို ရာသီကုန်အထိ စာချုပ်နဲ့ပြောင်းရွှေ့သွားပါတယ်။
အသက် ၃၄ နှစ်ရှိ အာဂျင်တီးနား ဂိုးသမား ရိုမဲရိုးဟာ မနှစ်ကရာသီအပြီးမှာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် အသင်းသစ်ရဖို့ ခက်ခဲနေခဲ့တာပါ။
အဲဗာတန်အသင်းဆီပြောင်းရွှေ့ဖို့ ၂ ရာသီဆက်တိုက် ဆွေးနွေးခဲ့ပေမယ့် အဆင်မပြေခဲ့သလို ဗလင်စီယာနဲ့ ဂရန်နာဒါအသင်းတွေနဲ့လည်း ဆွေးနွေးခဲ့ပါသေးတယ်။
ရိုမဲရိုးဟာ မန်ယူအသင်းမှာ ၆ နှစ်ကြာ ဖြတ်သန်းခဲ့ပေမယ့် နောက်ဆုံး ၃ နှစ်ဆက် ပရီးမီးယားလိဂ်မှာ ကစားခွင့်မရခဲ့သူဖြစ်ပါတယ်။
ဗင်နီဇီယာအသင်းဟာ စီးရီးအေ ၇ ပွဲကစားအပြီးမှာ အဆင့် ၁၇ မှာရပ်တည်နေကာ ဂိုးသမား ရိုမဲရိုးအနေနဲ့ လက်စွမ်းပြနိုင်မယ်ဆိုရင် အသင်းဘက်က နောက်ထပ်တစ်ရာသီထပ်ပြီး သက်တမ်း တိုးမယ်လို့ သိရပါတယ်။