close

လှိုင်မြို့နယ်က လူသိများသည့် ဒလန် ၁ ဦး ပစ်သတ်ခံရ

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ အမှတ် ၃ ရပ်ကွက်၊ ၁၁ လမ်းမှာ စစ်ကောင်စီ သတင်းပေး  ဒလန်လို့ လူသိများတဲ့ အမျိုးသားတစ်ယောက်  အောက်တိုဘာလ ၁၀ ရက် ညနေပိုင်းက  သေနတ်နဲ့ ပစ်သတ်ခံရလို့ သေဆုံးခဲ့ပါတယ်။

သေနတ်နဲ့ မသေမချင်း ၅ ချက် ပစ်သတ်ခံရတဲ့ ဇေလတ် (ခ) တင်မောင်ထွေးဟာ စစ်ကောင်စီသတင်းပေး ဒလန်တစ်ဦးဖြစ်ပြီး ကြံ့ခိုင်ရေးပါတီဝင်လည်း ဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

“ညနေ ၆ နာရီခွဲလောက်က  လှိုင်ညနေဈေးနားမှာ ပစ်သတ်ခံလိုက်ရတယ်။ လှိုင်ဒလန်စာရင်း ထဲက နာမည်ကြီးဒလန်ဘဲ။ မသေမချင်းကို ပစ်သတ်သွားတာ”လို့  လှိုင်မြို့နယ်ဒေသခံ တစ်ဦးကပြောပါတယ်။

ပစ်သတ်ခံရတဲ့ ဇေလတ်ဟာ ရန်ကုန်မြို့လယ်မှာပြုလုပ်ခဲ့တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ  ပြည်သူတစ်ဦးကို ဓားနဲ့ ဝင်ထိုးထွက်ပြေးသွားခဲ့သူဖြစ်တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

လှိုင်မြို့နယ်ဟာ  ရန်ကုန်မြို့အတွင်း  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်မှတ်ထားနေတဲ့ မြို့နယ်ဖြစ်ပြီး အခုလို ဒလန်ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တင်းတင်းကျပ်ကျပ် စစ်ဆေးနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up