close

၂၀၂၁ ခုနှစ်အတွက် စီးပွားရေးဆိုင်ရာနိုဘယ်လ်ဆု ပညာရှင် ၃ ဦး ရရှိ

၂၀၂၁ ခုနှစ်အတွက် စီးပွားရေးဆိုင်ရာ နိုဘယ်လ်ဆုကို စီးပွားရေးပညာရှင် ဒေးဗစ်ကာ့ဒ်၊ ဂျိုရှာ အန်းဂရစ်နဲ့ ဂွေဒိုအမ်ဘန်းစ်တို့က အောက်တိုဘာ ၁၁ ရက်မှာ ဆွတ်ခူးရရှိသွားပါတယ်။

ကတ်စ်ထရိုခေတ် ကျူးဘားနိုင်ငံက ရွှေ့ပြောင်းနေထိုင်မှုကနေ အမေရိကန် အမြန်စားသုံးနိုင်တဲ့ စားစရာကဏ္ဍအထိ သက်ရောက်နေတဲ့ အနိမ့်ဆုံး လုပ်ခလစာရဲ့ ကမ္ဘာ့စီးပွားရေးအပေါ် သက်ရောက်ပုံကို ဖော်ပြမှုအတွက် နိုဘယ်လ်ဆု ရခဲ့တာပါ။

ဆေးဝါးနဲ့ တခြားသိပ္ပံဆိုင်ရာကဏ္ဍတွေနဲ့ မတူဘဲ စီးပွားရေးပညာရှင်တွေဟာ တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတဲ့ လက်တွေ့စမ်းသပ်ချက်တွေကို မလုပ်နိုင်ပါဘူး။ ဒါပေမဲ့ သဘာဝ စမ်းသပ်ချက်တွေဟာ လက်တွေ့ဘဝက အခြေအနေတွေကို သုံးပြီး ကမ္ဘာကြီးအပေါ် သက်ရောက်မှုတွေကို လေ့လာနိုင်ပါတယ်။

အရင်က စီးပွားရေးဆိုင်ရာ နိုဘယ်လ်ဆုတွေကို အမေရိကန် တက္ကသိုလ်တွေက ရလေ့ရှိပါတယ်။ အခုလည်း ကာလီဖိုးနီးယားတက္ကသိုလ်၊ မန်ဆာချူးဆက် နည်းပညာတက္ကသိုလ်နဲ့ စတန်းဖို့ဒ် တက္ကသိုလ်တို့က ပညာရှင်တွေက နိုဘယ်လ်ဆုကို ရသွားတာပါ။  

စီးပွားရေးဆိုင်ရာ နိုဘယ်လ်ဆုအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၄ သန်းကို ဆုရှင် ၃ ယောက်က ခွဲဝေယူရမှာ ဖြစ်ပါတယ်။

ဒိုင်းနမိုက်ကို တီထွင်သူ ဆွီဒင်နိုင်ငံသား စီးပွားရေးသမား အဲလ်ဖရဒ်နိုဘယ်ရဲ့ သေတမ်းစာအရ  နိုဘယ်လ်ဆုတွေကို ငြိမ်းချမ်းရေး၊ စာပေနဲ့ သိပ္ပံပညာရပ်နယ်ပယ်တွေမှာ စွမ်းဆောင်နိုင်သူတွေကို ချီးမြှင့်လာခဲ့တာ ၁၉၀၁ ခုနှစ်ကတည်းကပါ။

၁၉၆၉ ခုနှစ်မှာတော့ ဆွီဒင်ဘဏ်ကို တည်ထောင်တဲ့ နှစ် ၃၀၀ ပြည့် အထိမ်းအမှတ်အနေနဲ့ ဆွီဒင်ဘဏ်ရဲ့ လှူဒါန်းမှုအရ စီးပွားရေးဆိုင်ရာ နိုဘယ်လ်ဆုကို ဖန်တီးပြီး ပထမဆုံး စတင် ပေးအပ်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up