ဆီးရီးယားတွင် ကားဗုံးပေါက်ကွဲပြီး လူ ၄ ဦးထက်မနည်း သေဆုံး

ဆီးရီးယားနိုင်ငံ အက်ဖှ်ရင်မြို့မှာ အောက်တိုဘာ ၁၁ ရက်က ကားဗုံးတလုံး ပေါက်ကွဲလို့ လူ ၄ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဆေးဘက် သတင်းရင်းမြစ်တရပ်က ပြောပါတယ်။
တူရကီက ထိန်းချုပ်ပြီး ဆီးရီးယားသူပုန်တွေကို ထောက်ပံ့ထားတဲ့ နိုင်ငံအနောက်မြောက်ပိုင်း ဒေသမှာ အခု နောက်ဆုံး တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။
လမ်းပေါ်မှာ မီးလောင်နေတဲ့ ကားတွေကို အရေးပေါ်လုပ်သားတွေက ရေနဲ့ ငြှိမ်းသတ်နေတဲ့ ရုပ်သံတွေ လူမှုကွန်ရက်မီဒီယာပေါ်မှာ ပြန့်နေပါတယ်။
တူရကီကတော့ အက်ဖှ်ရင်မြို့က အရင် ဗုံးခွဲတိုက်ခိုက်မှုတွေကို ဆီးရီးယား အခြေစိုက် ကာဒစ်ရှ် YPG အုပ်စုက လုပ်တာလို့ အပြစ်တင်ထားပါတယ်။
၂၀၁၉ နယ်စပ်ဖြတ်ကျော် စစ်ဆင်ရေးအတွင်း တူရကီစစ်တပ်တွေက အက်ဖှရင်ဒေသကို မသိမ်းပိုက်ခင်က YPG တပ်တွေက ဒီဒေသကို ထိန်းချုပ်ခဲ့ဖူးပါတယ်။
တူရကီနိုင်ငံထဲက PKK အုပ်စုနဲ့ အဆက်အဆံရှိတဲ့ YPG တွေကို တူရကီ အစိုးရက အကြမ်းဖက် အုပ်စုအဖြစ် သတ်မှတ်ထားပါတယ်။
တူရကီနယ်စပ်ကနေ သူတို့ကို မောင်းထုတ်ဖို့ ဆီးရီးယား သူပုန်တွေကို ထောက်ပံ့ရေးအတွက် တူရကီဟာ ဆီးရီးယားကို ကျူးကျော်ခဲ့ပါတယ်။