ကွန်ဂိုတွင် အပူပိုင်းမိုးသစ်တောကာကွယ်ရန် အစီအမံများ အကောင်အထည်ဖော်မည်

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံဟာ သစ်အလုံးလိုက်တင်ပို့မှုအားလုံးကို တားမြစ်ဖို့နဲ့ ရာသီဥတု ပြောင်းလဲမှုကိုတိုက်ဖျက်ရာမှာ အဓိကအရံအတားတခုအဖြစ် ကာဗွန်စုပ်ယူနိုင်တဲ့ အပူပိုင်း မိုးသစ်တောအတွက် ခြိမ်းခြောက်မှုတွေကို လျှော့ချဖို့ တခြားအစီအမံတွေကို အကောင်အထည်ဖော်မယ်လို့ ကွန်ဂိုသဘာဝပတ်ဝန်းကျင်ဝန်ကြီး အီဗ်ဘဇိုင်ဘာက အောက်တိုဘာ ၂၈ ရက်မှာ ပြောပါတယ်။
ကမ္ဘာ့ဒုတိယအကြီးဆုံး မိုးသစ်တောအများစု ပေါက်ရောက်ရာ ကွန်ဂိုနိုင်ငံဟာ သစ်တောစီမံခန့်ခွဲမှု ကို မြှင့်တင်ဖို့ ဖိအားတွေနဲ့ကြုံနေရပြီး ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း သစ်တောပြုန်းတီးမှုနှုန်း နှစ်ဆတိုး မြင့်မားလာမှုကို တားဆီးနေရတယ်လို့ ကုလသမဂ္ဂရဲ့ကိန်းဂဏန်းတွေအရ သိရပါတယ်။
ကွန်ဂိုသဘာဝပတ်ဝန်းကျင်ဝန်ကြီးဟာ မြို့တော်ကင်ရှာဆာမှာ သတင်းထောက်တွေကို သစ်လုံးတင်ပို့မှု ရပ်ဆိုင်းကြောင်း ကြေညာခဲ့ပေမဲ့ ဘယ်အချိန်မှာ စတင်အကျုံးဝင်မယ်ဆိုတာတော့ မပြောခဲ့ပါဘူး။
ဒါက သဘာဝအတိုင်း ပြန်လည်ထူထောင်ရေးသာမကဘဲ နည်းပညာ၊ ငွေကြေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေး မိတ်ဖက်အားလုံးနဲ့ ပါ၀င်တဲ့ သစ်တောပြုန်းတီးမှု အစီအစဉ်ကိုလည်း ခွင့်ပြုပေးထား တယ်လို့လည်း သူကပြောပါတယ်။
ကွန်ဂိုမှာ ၆၀ ရာခိုင်နှုန်းက ကွန်ဂိုမြစ်ဝှမ်း မိုးသစ်တောဖြစ်ပြီး နှစ်စဉ်လေထုထဲမှ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုရဲ့ ၄ ရာခိုင်နှုန်းလောက်ကို စုပ်ယူတယ်လို့ ဗဟိုအာဖရိက သစ်တောထိန်းသိမ်းရေးအဖွဲ့ထံက သိရပါတယ်။
အခုလ အစောပိုင်းမှာ သမ္မတ ဖလစ်ဇ်ရှီဆီကီဒီဟာ ထိန်းချုပ်နိုင်မှုညံ့ဖျင်းတဲ့ သစ်တောကဏ္ဍအပေါ် အမိန့်ချမှတ်ဖို့ကြိုးပမ်းမှုအနေနဲ့ လက်ရှိ သစ်လုံးခုတ်ယူမှု စာချုပ်အားလုံးကို စစ်ဆေးဖို့ အမိန့်ပေးခဲ့ပါတယ်။
သစ်တောတွေကို မညှာမတာ ခုတ်လာတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စာချုပ်တွေ ထပ်မချုပ်ချင်တော့လို့ ဒီလို စာချုပ်တွေကို နားထားလိုက်ပြီလို့ သဘာဝပတ်ဝန်းကျင် ဝန်ကြီး က ပြောပါတယ်။
အမေရိကန်အခြေစိုက် ထိန်းသိမ်းရေးအဖွဲ့ Forest Trends ရဲ့အဆိုအရ ၂၀၁၈ ခုနှစ်မှာ ကွန်ဂိုရဲ့ တန်ဖိုးအလိုက် သစ်အချောထည်ပစ္စည်းများအတွက် အကြီးမားဆုံးစျေးကွက်တွေဟာ တရုတ်၊ ဗီယက်နမ်၊ ဥရောပသမဂ္ဂနဲ့ ဥရောပလွတ်လပ်သောကုန်သွယ်မှုအသင်းတို့ ဖြစ်ပါတယ်။