close

ကမ္ဘာလုံးဆိုင်ရာ သွေးစွန်းငွေဖြတ်တောက်ရေး ဆိုရှယ်မီဒီယာကမ်ပိန်း စတင်

မြို့ရွာတွေကို မီးရှို့ဖျက်ဆီးပြီး ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို ပံ့ပိုးပေးနေတဲ့  Blood Money သွေးစွန်းငွေတွေ၊ ငွေကြေး‌ထောက်ပံ့မှုတွေ ရပ်တန့်စေရေး ရည်ရွယ်တဲ့ ကမ္ဘာလုံးဆိုင်ရာ သွေးစွန်းငွေဖြတ်တောက်ရေး ဆိုရှယ်မီဒီယာကမ်ပိန်းကို အောက်တိုဘာ ၃၀  ဒီကနေ့ စတင်နေပါတယ်။

အောက်တိုဘာ ၃၀ နဲ့  ၃၁ ရက် ၂ ရက်ကြာပြုလုပ်မယ့် ဒီလှုပ်ရှားမှုမှာ စစ်အုပ်စုကိုငွေကြေးအထောက်အပံ့ပေးနေတဲ့ Total ၊ Chevron အပါအဝင် နိုင်ငံတကာကုမ္ပဏီကြီးတွေကို ဖိအားပေး တောင်းဆိုမှုတွေထပ်မံပြုလုပ်ဖို့၊ ဖက်ဆစ် စစ်တပ် အမြစ်ဖြတ်ဖို့ တဦးချင်းစီပါဝင်ဖို့ကို စည်းရုံးဖိတ်ခေါ်ထားပါတယ်။ 

ဆိုရှယ်မီဒီယာကမ်ပိန်းအနေနဲ့ လက်မှာအနီရောင်ဆေးခြယ်ထားတာ ဒါမှမဟုတ် လက်အိတ် လက်ပတ်အနီ စည်းထားပြီး လက်သုံးချောင်းသင်္ကေတနဲ့အတူ တောင်းဆိုချက် (၃)ခုကို စာရွက်ကိုင်ထားတဲ့ ဓာတ်ပုံကို လူမှုကွန်ရက်ပေါ်မှာ တင်ရမှာ ဖြစ်ပါတယ်။ 

ဒီလှုပ်ရှားမှုရဲ့ အဓိက တောင်းဆိုချက် ၃ ခုကတော့—

Total, Chevron - Freeze all payments to Junta, 

Total, Chevron - Keep all payments  in Escrow Account, 

International governments: Sanction MOGE တို့ဖြစ်ကြပါတယ်။

သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုတွေအနေနဲ့ 'မြန်မာပြည်ကို ကယ်တင်ရေး စစ်ကောင်စီကို ငွေမပေး' စာတန်းပါ ကြွေးကြော်သံတွေနဲ့ မြန်မာပြည်ထဲက မြို့တချို့မှာလည်း သပိတ်မှောက် ဆန္ဒပြမှုတွေ ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up