စစ်အာဏာသိမ်းမှုအား ဆူဒန်ပြည်သူ သောင်းချီ ဆက်လက်ဆန္ဒပြ

အရပ်သား အုပ်ချုပ်မှု ပြန်ထားရှိရေး ဆူဒန်နိုင်ငံရဲ့မြို့တော် ခါတွန်မှာ အောက်တိုဘာ ၃၀ ရက်က ထောင်သောင်းချီတဲ့ လူတွေ ချီတက်ခဲ့ကြပြီး စစ်အာဏာသိမ်းမှုအား ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူတွေဟာ ဆူဒန်အလံတွေကို ကိုင်စွဲခဲ့ကြပြီး စစ်အုပ်ချုပ်ရေးကို မချီးကျူးနိုင်ဘူးလို့ ကြွေးကြော်ခဲ့ကြပါတယ်။
ဒီနိုင်ငံဟာ ငါတို့နိုင်ငံ၊ အစိုးရဟာ အရပ်သားဖြစ်တယ် စတဲ့ ကြွေးကြော်သံတွေ ဟစ်ကြွေးရင်း ခါတွန့်မြို့က ရပ်ကွက်တွေ တလွှားမှာ ချီတက်ခဲ့ကြတာပါ။
ပြည်သူတွေဟာ ဆူဒန်နိုင်ငံ မြောက်ပိုင်း၊ အရှေ့ပိုင်းနဲ့ အလယ်ပိုင်းက မြို့တွေမှာလဲ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။
ခါတွန်မြို့လယ်ခေါင်မှာ စနေနေ့က စစ်တပ်နဲ့ ပြည်သူ့စစ်အမြန် ထောက်ပံ့ရေး တပ်တွေ အပါအဝင် လက်နက်ကိုင်တွေကို အကြီးအကျယ် တပ်ချထားပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာန ရုံးနဲ့ လေဆိပ်ရှိရာကို ဦးတည်ထားတဲ့ လမ်းတွေအပြင် မြို့တော်ကို ချိတ်ဆက်ထားတဲ့ တံတားအများစုကိုလည်း လုံခြုံရေးတပ်တွေက ပိတ်ဆို့ထားပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အဘ်ဒယ် ဖာတာ အယ်လ် ဘာဟန် ဦးစီးတဲ့ အောက်တိုဘာ ၂၅ ရက်က စစ်အာဏာသိမ်းမှုကို ထောင်သောင်းချီတဲ့ ပြည်သူတွေ ဆန့်ကျင်ဆန္ဒပြနေတာပါ။
ဘာဟန်ကတော့ ပြည်တွင်းစစ် ဖြစ်တာကို ရှောင်ဖို့ ဖြုတ်ချခံအစိုးရကို အာဏာသိမ်းခဲ့တာလို့ အောက်တိုဘာ ၂၆ ရက်က ကာကွယ်ပြောဆိုခဲ့ပါတယ်။