close

မူဆယ်မြို့ MBT wifi ရုံးအနီး ဗုံးကွဲ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့က ပြည်ထောင်စုလမ်းမကြီးပေါ်မှာရှိတဲ့ MBT Wifi ရုံးအနီးမှာ နိုဝင်ဘာ ၃ ရက်နေ့ ည ၆ နာရီ ခွဲဝန်းကျင်က ဗုံးပေါက်ကွဲခဲ့ပြီး အနီးအနားက အဆောက်အအုံတွေ ထိခိုက်​ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

"နမ္မတူမိတ္တူဆိုင်နဲ့ MBT wifi ရုံးနားမှာကွဲတာ၊ ကြောက်စရာကြီး၊ လူထိခိုက်တာတော့မကြားဘူး၊ နည်းနည်းတော့အပျက်စီးရှိတယ်။ ခုက စစ်သားတွေ စစ်နေတာ ဘယ်သူမှသွားလို့ မရတော့ဘူး" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာရတာမျိုးမရှိပေမယ့် အနီးအနားက အဆောက်အအုံတွေ အနည်းငယ် ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ်။

မူဆယ်မြို့မှာ နိုဝင်ဘာ ၂ ရက်နေ့ကလည်း ကချင်စျေးအနီး သေနတ်နဲ့ပစ်သတ်ခံရတာကြောင့် ၁ ဦး သေဆုံးသွားခဲ့ပြီး နိုဝင်ဘာ ၃ရက်နေ့ မနက်မှာလည်း ဓားနဲ့ခုတ်ခံထားရပြီး ရေမြောင်းထဲ သေဆုံး​နေသူ ၁ ဦးကို တွေ့ခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up