close

ပြည်သူ့ စပါးခင်းများကို ကူရိတ်သိမ်းပေးနေသည့် KNLA တပ်ဖွဲ့၀င်များ (ဓာတ်ပုံ)

ကေအန်ယူ ထိန်းချုပ်နယ်မြေမှာ နေထိုင်ကြတဲ့ ဒေသခံပြည်သူတွေရဲ့ လယ်ယာလုပ်ငန်းခွင်တွေကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ဖွဲ့ဝင်တွေက  စပါးရိတ်သိမ်း ကူညီပေးခဲ့ကြပါတယ်။

KNLA တပ်ဖွဲ့ဝင်တွေဟာ စပါးရိတ်သိမ်းချိန်မှာသာမက  လယ်ထွန်ချိန်၊ စပါးစိုက်ချိန်၊ တောင်ယာလုပ်ချိန်နဲ့ မြေပဲစိုက်ချိန်တွေမှာ ပြည်သူလူထုရဲ့  စားဝတ်နေရေးအတွက် ဝင်ရောက်ကူညီလုပ်ကိုင်ပေးလေ့ရှိတာဖြစ်ပါတယ်။

ပြည်သူ့စည်းစိမ်ဥစ္စာ ကာကွယ်ပေးရတဲ့ အချိန်မှာ KNLA တပ်ဖွဲ့ဝင်တွေဟာ  အသက်ကိုစွန့်ကာကွယ်ပေးပြီး အားလပ်ချိန်တွေမှာတော့  လူထုအကျိုးပြုလုပ်ငန်းတွေကို ကူညီဆောင်ရွက်ပေးနေကြတာ ဖြစ်ပါတယ်။

Photo - MPA  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up