close

ပဲရစ်မာစတာ ဖလားပြိုင်ပွဲတွင် ဂျိုကိုဗစ် ဆီမီးဖိုင်နယ် တက်ရောက်

သောကြာနေ့က ယှဉ်ပြိုင်သွားတဲ့ ပဲရစ်မာစတာ ဖလားပြိုင်ပွဲမှာ နာမည်ကျော် နိုဗက် ဂျိုကိုဗစ်က ပြိုင်ဘက် အမေရိကန် တင်းနစ်သမားကို အသာတကြည် အနိုင်ရပြီး ဆီမီးအဆင့်ကို တက်ရောက်သွားပါတယ်။

ကမ္ဘာ့ နံပါတ်တစ်  ဂျိုကိုဗစ်ဟာ Taylor Fritz ကို ကစားချိန် ၇၄ မိနစ်အတွင်း 6-4 6-3 နဲ့ အနိုင်ရရှိသွားပါတယ်။ ဒါဟာ  ဂျိုကိုဗစ်အတွက် ၆ ကြိမ်မြောက် ပဲရစ်မာစတာ ချန်ပီယံ ဖြစ်လာဖို့ လမ်းပွင့်နေတဲ့ သဘောဖြစ်ပါတယ်။ 

ဒီနေ့ စနေနေ့ ဆီမီးအဆင့် ပြိုင်ပွဲမှာ ဂျိုကိုဗစ်ဟာ ကမ္ဘာ့နံပါတ် ၇ ဖြစ်တဲ့ ပိုလန်နိုင်ငံက  တင်းနစ်သမား Hubert Hurkacz နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up