close

ဂျိုကိုဗစ်

close

April 24, 2023

မက်ထရစ်အိုးပင်း တင်းနစ်ပြိုင်ပွဲကို ဂျိုကိုဗစ်နှင့် နာဒဲလ် လွဲချော်

နိုဗက်ဂျိုကိုဗစ်ဟာ လာမယ့်တပတ် မက်ထရစ်အိုးပင်း တင်းနစ်ပြိုင်ပွဲကနေ နုတ်ထွက်သွားခဲ့ရပြီး ရာဖေးနာဒဲလ်လိုပဲ ပွဲကြည့်စင်ကနေပဲ ကြည့်ရှုနိုင်တော့မယ်လို့ ပွဲစီစဉ်သူက ဧပြီ ၂၂ ရက်မှာ ပြောပါတယ်။

ဂျိုကိုဗစ်ဟာ ကိုဗစ်ကာကွယ်ဆေး မထိုးရသေးတာကြောင့် ဒီနှစ်အစောပိုင်းက ယူအက်စ် ကွင်းမာ တင်းနစ်ကွင်းမှာ မကစားခဲ့ရတာကြောင့် ရွှံစေးမြေကွင်းမှာ ကစားဖို့ ပြင်ဆင်ခဲ့ပေမဲ့ မွန်တေးကာလို မာစတာနဲ့ ဘန်ဂျလုကာအိုးပင်း ပြိုင်ပွဲတွေကနေ စောစောစီးစီး ထွက်ခွာခဲ့ရပါတယ်။

အမြန်ဆုံး ဒဏ်ရာကနေ ကောင်းမွန်လာစေဖို့ ဆုမွန်ကောင်းတောင်းနေပြီး ကွင်းပြင်မှာ အမြန်ဆုံး ဆုံတွေ့နိုင်ဖို့ မျှော်လင့်ပါတယ်လို့ ပွဲစီစဉ်သူက ပြောဆိုခဲ့ပေမဲ့ ဂျိုကိုဗစ်ရဲ့ ဒဏ်ရာအသေးစိတ်ကိုတော့ မပြောပြခဲ့ပါဘူး။

ရာဖေးနာဒဲလ်ကတော့ ဒီတပတ်အစောပိုင်းတည်းက သူ့ရဲ့ တင်ပါးဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့ပြီးနောက် မက်ထရစ်ကပြိုင်ပွဲကို လွဲချော်လိမ့်မယ်လို့ ကြေညာထားခဲ့ပါတယ်။

ရာဖေးနာဒဲလ်နဲ့  ဂျိုကိုဗစ်တို့ ၂ ယောက်စလုံးဟာ ဂရန်းစလန်းပြိုင်ပွဲတွေမှာ ၂၂ ကြိမ်စီ ဆွတ်ခူးထားနိုင်သူတွေ ဖြစ်ကြပါတယ်။

ပြင်သစ်အိုးပင်းပြိုင်ပွဲ ဒုတိယအကြိမ် ဂရင်းစလန်းပြိုင်ပွဲရာသီဟာ မေလ ၂၈ ရက်နေ့ စတင်မှာ ဖြစ်ပါတယ်။

2 mins Ago

February 28, 2023

တင်းနစ်ချန်ပီယံ ဂျိုကိုဗစ် ကမ္ဘာ့အဆင့် ၁ နေရာတွင် အချိန်အကြာဆုံး ရပ်တည်နိုင်သည့် စံချိန်တင်

ကမ္ဘာ့အဆင့် ၁ နေရာမှာ ရပ်တည်နေတဲ့ နိုဗက်ခ် ဂျိုကိုဗစ်ဟာ ပြောင်မြောက်လှတဲ့ တင်းနစ်ကစားသမားဘဝမှာ နောက်ထပ်မှတ်တိုင်တခုအဖြစ် အဆင့် ၁ နေရာမှာ အချိန်အကြာဆုံးရပ်တည်ထားနိုင်တဲ့ ဂန္ထဝင်အမျိုးသမီးတင်းနစ်ကစားသမား စတက်ဖီ ဂရပ်ဖ်ရဲ့စံချိန်ကို ဖေဖော်ဝါရီ ၂၇ ရက်က ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

ဒီ ဆားဘီးယားကစားသမားဟာ ၂၀၂၁ ခုနှစ်၊ မတ်လကတည်းက ကမ္ဘာ့အဆင့် ၁ နေရာမှာ ရပ်တည်ထားနိုင်တာပါ။

ရက်သတ္တပတ် ၃၇၈ ပတ်အထိ ကမ္ဘာ့အဆင့် ၁ နေရာကို သိမ်းပိုက်ထားနိုင်ခဲ့တာကြောင့် ဂရန်းစလမ်း ၂၂ ကြိမ် ချန်ပီယံဟောင်း ဂျာမနီကစားသမား ဂရပ်ဖ်ရဲ့ ရက်သတ္တပတ် ၃၇၇ ပတ် စံချိန်ကို ဂျိုကိုဗစ်က ကျော်ဖြတ်နိုင်ခဲ့တာပါ။

ဂျိုကိုဗစ်အနေနဲ့ ပထမဆုံး ဝင်ဘယ်လ်ဒန်ချန်ပီယံဆုကို ၂၀၁၁ ခုနှစ်မှာ ရရှိခဲ့တာဖြစ်ပြီး တချိန်တည်းမှာပဲ ကမ္ဘာ့အဆင့်ရပ်တည်မှု ထိပ်ဆုံးနေရာကိုပါ ပထမဆုံးအကြိမ်အဖြစ် တက်လှမ်းလာနိုင်ခဲ့ပါတယ်။

ဒီနှစ် ဇန်နဝါရီလမှာ သြစတြေးလျအိုးပင်း ချန်ပီယံဆုကို ၁ဝ ကြိမ်မြောက် စံချိန်တင် ဆွတ်ခူးနိုင်ခဲ့ပြီးနောက် ၆ လတာအတွင်းမှာ ကမ္ဘာ့အဆင့် ၁ နေရာကို ပြန်လည်တက်လှမ်းလာနိုင်ခဲ့တာ ဖြစ်ပါတယ်။

2 months Ago
Up