close

ဇီးပင်ကြီးမီးသတ်သင်တန်းကျောင်းက ဝန်ထမ်းများ ကိုဗစ်ချေးငွေမရဘဲ ဖြတ်တောက်ခံနေရ

ကိုဗစ်ကာလ အရပ်သားအစိုးရလက်ထပ်မှာ နိုင်ငံဝန်ထမ်းတွေကို ကိုဗစ်ကာလ အဆင်ပြေစေရန်အတွက် လစာကြိုတင်ပြီး  ၂ လစာထုတ်ချေးခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အဆိုပါ ချေးငွေတွေကို ဝန်ထမ်းတွေဆီက လစဉ်ပြန်လည်ဖြတ်တောက်ကောက်ယူနေတယ်လို့ သိရပါတယ်။

ဇီးပင်ကြီး မီးသတ်တပ်ဖွဲ့သင်တန်းကျောင်းက ဝန်ထမ်းတွေက အရပ်သားအစိုးရလက်ထပ်က ကိုဗစ်ချေးငွေ ကြိုတင်ထုတ်ယူတာမျိုးမရှိခဲ့ပေမယ့် အာဏာသိမ်းစစ်ကောင်စီလက်ထပ်မှာ လစာထဲက လစဉ်ဖြတ်တောက် ခံနေရတယ်လို့ ဝန်ထမ်းတွေထံက သိရပါတယ်။

“ကိုဗစ်ကာလ ချေးငွေ ၂ လစာကို ဝန်ထမ်းတွေက မယူဘူး၊ ဒါပေမယ့် ကျောင်းအုပ်ကြီးက ထုတ်ပြီး ဘဏ်မှာ အပ်ထားတယ်ကြားတယ်။ ဒါပေမယ့် ခုလစာထဲက အဖြတ်ခံနေရတာ့ တော်တော်ဒုက္ခဖြစ်နေကြတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ဝန်ထမ်းတွေက ကိုဗစ်ချေးငွေ ၂ လစာကို ကျောင်းအုပ်ဆရာကြီးက ကြားထဲကထုတ်ယူပြီး AGD ဘဏ်မှာ အပ်ထားကာ ပင်စင်သွားတဲ့အခါယူသွားဖို့စီစဉ်ထားတာလို့ ဆိုပါတယ်။

ဝန်ထမ်း ၃၀ ကျော် ကိုယ်စား ကျောင်းအုပ်ကြီးထုတ်ယူထားတဲ့ ကိုဗစ်ချေးငွေတွေအတွက် ဝန်ထမ်းတွေက စက်တင်ဘာလက စတင်ကာ လစဉ် လစာထဲက ဖြတ်တောက်ခံနေရတာ ၃ လရှိလာပြီလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up