close

ကန်ကျနပူရီနာနတ်တောအတွင်း တရားမဝင်မြန်မာ ၁၀၀ ကျော် ထပ်မံဖမ်းဆီးခံရ

ထိုင်းနိုင်ငံအနောက်ပိုင်း၊ ကန်ကျနပူရီခရိုင်မှာ နိုဝင်ဘာ ၁၁ ရက် ဒီနေ့ မနက်  ၁၁ နာရီက တရားမဝင် ဝင်လာတဲ့ မြန်မာ အမျိုးသား ၅၈ ဦး၊ အမျိုးသမီး ၄၃ ဦး စုစုပေါင်း   ၁၀၁ ဦးကို ဒေသအာဏာပိုင်တွေက ဖမ်းဆီးရမိတယ်လို့ ကန်ကျနပူရီသတင်းမှာ ဖော်ပြပါတယ်။ 

စစ်တပ် ၊ ရဲနဲ့ အုပ်ချုပ်ရေးမှူးရုံးဝန်ထမ်းတွေ ပါဝင်တဲ့ပူးပေါင်းအဖွဲ့ဟာ စီမံချက်အရ နယ်စပ်တ လျှောက်လှည့်လည်စစ်ဆေးစဉ် ဆိုင်းယုဒ်မြို့နယ် ဆီရိမုံးခုံးကျေးရွာအုပ်စု ကရထောင်းရွာရှိ နာနတ်ခြံထဲမှာ ပုန်းအောင်းနေတဲ့သူတွေကို ရှာဖွေဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

မေးမြန်းချက်အရ သူတို့ဟာ မြန်မာနိုင်ငံ မော်လမြိုင်၊ ပဲခူး၊ ရေး၊ ဧရာဝတီတိုင်း စတဲ့ဒေသကဖြစ်ပြီး ထိုင်းနိုင်ငံ စမွတ်စခွန်း၊ ပထုန်ဌာနီ၊ စမွတ်ပရကန် စတဲ့ခရိုင်တွေမှာ အလုပ်သွား လုပ်ဖို့ ပွဲစားကို တစ်ဦးလျှင် ဘတ် ၂၅၀၀ ပေးပြီး ဝင်ရောက်လာခဲ့တာလို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေက သူတို့ကို ကိုဗစ်-၁၉ ဥပဒေ၊ လဝက ဥပဒေတွေနဲ့အရေးယူဖို့ ရဲစခန်းမှာ ထိန်းသိမ်းထားကြောင်း သတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up