close

စစ်အုပ်စုယာဥ်တန်းကို YDFက လက်လုပ်လောင်ချာနှင့် မိုင်းများသုံးပြီး တိုက်ခိုက်

မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ နိုဝင်ဘာလ ၁၁ ရက်နေ့က အကြမ်းဖက်စစ်အုပ်စုယာဥ်တန်းကို လက်လုပ်လောင်ချာတွေနဲ့ မိုင်းတွေအသုံးပြုပြီး တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၁၅ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ YDF တပ်ဖွဲ့ကနေ သိရပါတယ်။

ဂန့်ဂေါမြို့ကနေ ကျောမြို့ဘက်ကို သွားတဲ့ အကြမ်ဖက်စစ်အုပ်စုယာဥ်တန်းကို ပုံညာတောင် အတက်မှာ YDF တပ်ဖွဲ့က လက်လုပ်လောင်ချာတွေနဲ့ ဖောက်ခွဲရေးမိုင်းတွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့ရာ စစ်ကား ၅ စီးကိုထိမှန်ပြီး စစ်ကောင်စီဘက်က ၁၅ ယောက်သေဆုံး၊ အများအပြား ဒဏ်ရာရရှိသွားတယ်လို့ YDF တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

“အဲဒီတိုက်ပွဲမှာ ကျနော်တို့ YDF က တီထွင်ထားတဲ့ လက်လုပ်လောင်ချာနဲ့ ဖောက်ခွဲရေးမိုင်းတွေ အသုံးပြုပြီးတော့ တိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီဘက်က ဗိုလ်အဆင်ရှိသူတစ်ယောက် အပါဝင် ၁၅ ယောက်လောသေပြီးတော့ ထီလင်းမြို့နယ် ရေမျက်နီ စခန်းမှူး အပြင်းထန်ဒဏ်ရာရသွားတယ်။” 

နှစ်ဖက်တိုက်ပွဲအတွင်းမှာ သေဆုံးခဲ့တဲ့ စစ်ဗိုလ်တစ်ယောက်ရဲ့ အလောင်းကိုတော့ အကြမ်းဖက်စစ်ကောင်စီက ရဟတ်ယာဥ်နဲ့ လာသယ်သွားတယ်လို့ ပြောပါတယ်။

ဂန်ဂေါခရိုင်အတွင်းမှာ ချင်းပြည်နယ် မင်းတပ်မြို့နယ်ဘက်ကနေ လာရောက်တိမ်းရှောင်နေတဲ့ စစ်ဘေးရှောင်ပြည်သူ ၂၀၀၀ လောက်ရှိနေပြီး နှစ်ဖက်တိုက်ပွဲတွေကြောင့် ကျေးရွာတစ်ချို့က ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာ ကျေးရွာတွေနဲ့ တောတောင်ထဲတွေမှာ တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲရှောင်ပြည်သူတွေနဲ့ ပတ်သက်တဲ့ စာရင်းဇာယား အချက်လက်တွေကိုတော့ သက်ဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့တွေက စာရင်းပြုစုနေဆဲကာလမို့ အတိကျမသိရသေးဘဲ စာနက်ရိက္ခာ၊ ဆေးဝါးနဲ့ အဝတ်အထည်တွေအကူညီလိုအပ်နေတယ်လို့ ပြောပါတယ်။

ဂန်ဂေါမြို့နဲ့ ကျောမြို့ကြားမှာ နိုဝင်ဘာလ ၁၀ ရက်နေကလည်း ခြေလျင်တက်လာတဲ့ စစ်ကောင်စီတပ်သား ၁၂ ယောက်ကို YDF တပ်ဖွဲ့က သုတ်သင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရရှိမှုအခြေအနေနဲ့ ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up